ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 24:1-8 Common Language Bible (BCL)

1. ``ယောကျာ်း​တစ်​ဦး​သည်​မိန်း​မ​တစ်​ဦး​နှင့်​ထိမ်း မြား​လက်​ထပ်​ပြီး​နောက် ထို​မိန်း​မ​တွင်​မ​နှစ် မြို့​စ​ရာ​တွေ့​မြင်​လာ​သ​ဖြင့် ဆက်​လက်​၍ မ​ပေါင်း​သင်း​လို​သော်​သူ​သည် ထို​မိန်းမ​အား ဖြတ်​စာ​ကို​ရေး​ပေး​၍​အိမ်​မှ​ဆင်း​သွား စေ​ရ​မည်။-

2. အ​ကယ်​၍​ထို​မိန်းမ​သည် အ​ခြား​ယောကျာ်း တစ်​ဦး​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၍၊-

3. ဒု​တိ​ယ​လင်​ယောကျာ်း​က​လည်း ထို​မိန်း​မ​ကို ဆက်​လက်​၍​မ​ပေါင်း​သင်း​လို​သ​ဖြင့် ဖြတ်​စာ ကို​ပေး​၍​အိမ်​မှ​ဆင်း​သွား​စေ​သော​အ​ခါ ၌​သော်​လည်း​ကောင်း၊ သူ​ကိုယ်​တိုင်​သေ​ဆုံး သွား​သော်​လည်း​ကောင်း၊-

4. ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။

5. ``မိန်း​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​ပြီး​ကာ​စ ယောကျာ်း​တစ်​ဦး​ကို​စစ်​မှု​မ​ထမ်း​စေ​ရ။ အ​ခြား သော​ပြည်​သူ့​တာ​ဝန်​ကို​လည်း​မ​ထမ်း​စေ​ရ။ သူ​၏​ဇနီး​နှင့်​အ​တူ​အိမ်​တွင်​ပျော်​ရွှင်​စွာ​နေ ထိုင်​နိုင်​ရန် ထို​တာ​ဝန်​များ​မှ​တစ်​နှစ်​ကင်း​လွတ် ခွင့်​ပေး​ရ​မည်။

6. ``သင်​သည်​တစ်​စုံ​တစ်​ခု​ကို​ချေး​ငှား​သော အ​ခါ စ​ပါး​ကြိတ်​ဆုံ​ကျောက်​များ​ကို​အ​ပေါင် ပစ္စည်း​အ​ဖြစ်​လက်​မ​ခံ​ရ။ ထို​သို့​ပြု​လျှင် ချေး​ငှား​သူ​၏​အ​သက်​ကို အ​ပေါင်​ခံ​ခြင်း လက်​ခံ​ရာ​ရောက်​မည်။

7. ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။

8. ``သင်​တို့​တွင်​ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရေ ပြား​ရော​ဂါ​ဖြစ်​ပွား​သော​အ​ခါ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​အား​ငါ​ညွှန်​ကြား ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​ဂ​ရု​ပြု​ရ မည်။ သူ​တို့​အား​ငါ​မိန့်​မှာ​ထား​သည့်​အ​တိုင်း လိုက်​နာ​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 24