18. ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
19. ``သင်သည်ဣသရေလအမျိုးသားချင်း တစ်ဦးအား ငွေ၊ စားစရာသို့မဟုတ်ပစ္စည်း တစ်ခုခုကိုချေးငှားသောအခါအတိုး မယူရ။-
20. လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။
21. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-
22. ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။
23. သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
24. ``သင်တို့သည်ဣသရေလအမျိုးသားချင်း တစ်ဦး၏စပျစ်ဥယျာဉ်ထဲရှိ လမ်းအတိုင်း ဖြတ်သန်းသွားသည့်အခါ စပျစ်သီးများကို လိုသလောက်ဆွတ်ခူးစားနိုင်သော်လည်း အပိုမယူသွားရ။-
25. သင်တို့သည်အမျိုးသားချင်းတစ်ဦး၏လယ် ကန်သင်းအတိုင်းဖြတ်သန်းသွားအခါ လက် နှင့်ဆွတ်၍ရသမျှသောစပါးနှံများကိုစား နိုင်သည်။ သို့ရာတွင်စပါးနှံများကိုတံစဉ် ဖြင့်မရိတ်ရ။