ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 23:10-23 Common Language Bible (BCL)

10. တစ်​စုံ​တစ်​ယောက်​သည်​ည​အ​ချိန်​၌​သုက် လွှတ်​မိ​လျှင် သူ​သည်​စ​ခန်း​အ​ပြင်​သို့​ထွက် ၍​နေ​ရ​မည်။-

11. ထို​သူ​သည်​ည​နေ​အ​ချိန်​တွင်​ရေ​ချိုး​၍ နေ ဝင်​ချိန်​တွင်​တပ်​စ​ခန်း​ထဲ​သို့​ပြန်​ဝင်​နိုင်​သည်။

12. ``ကျင်​ကြီး​စွန့်​ရာ​နေ​ရာ​ကို​တပ်​စ​ခန်း အ​ပြင်​၌​ထား​ရှိ​ရ​မည်။-

13. သင်​တို့​သည်​တပ်​ပြင်​သို့​ထွက်​၍​ကျင်​ကြီး​စွန့် သော​အ​ခါ သင့်​ထံ​တွင်​သစ်​သား​တူ​ရွင်း​ကို အ​သင့်​ဆောင်​ထား​၍ ထို​တူ​ရွင်း​ဖြင့်​တွင်း​တူး ၍​ကျင်​ကြီး​ကို​ပြန်​ဖုံး​လော့။-

14. သင်​တို့​ကို​ကာ​ကွယ်​လျက်​သင်​တို့​အား​အောင် ပွဲ​ခံ​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် တပ်​စ​ခန်း​တွင်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ တပ်​စ​ခန်း​ကို​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​စွာ​ထား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မ​စွန့်​မ​ပယ် စေ​ရန်​မ​သန့်​ရှင်း​သော​အမှု​ဟူ​သ​မျှ​ကို မ​ပြု​လုပ်​ရ။

15. ``သ​ခင်​ထံ​မှ​ထွက်​ပြေး​၍​သင့်​ထံ​သို့​ခို​လှုံ​ရန် ရောက်​ရှိ​လာ​သော​ကျွန်​ကို သူ​၏​သ​ခင်​ထံ​သို့ ပြန်​မ​ပို့​နှင့်။-

16. ထို​ကျွန်​သည်​သင်​တို့​၏​မြို့​များ​အ​နက် သူ​နေ ထိုင်​လို​သည့်​မြို့​၌​နေ​ခွင့်​ပြု​ရ​မည်။ သင်​သည် သူ့​ကို​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ရ။

17. ``ဣ​သ​ရေ​လ​လူ​မျိုး​ထဲ​မှ​ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​ကိုး​ကွယ်​ရာ​ဌာ​န​ဆိုင်​ရာ ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်​ရ။-

18. ပြည့်​တန်​ဆာ​အ​လုပ်​ဖြင့်​ရ​သော​ငွေ​ကို က​တိ သစ္စာ​ပြု​ချက်​အ​ရ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​လှူ​ဒါန်း ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​လုပ်​ကို​စက် ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

19. ``သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​အား ငွေ၊ စား​စ​ရာ​သို့​မ​ဟုတ်​ပစ္စည်း တစ်​ခု​ခု​ကို​ချေး​ငှား​သော​အ​ခါ​အ​တိုး မ​ယူ​ရ။-

20. လူ​မျိုး​ခြား​များ​ထံ​မှ​အ​တိုး​ယူ​နိုင်​သော် လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ထံ​မှ အ​တိုး​မ​ယူ​ရ။ ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ သိမ်း​ယူ​မည့်​ပြည်​တွင်​သင်​တို့​ပြု​လေ​သ​မျှ ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

21. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​က​တိ​သစ္စာ​ထား​လျှင် ထို​ကတိ​သစ္စာ​ဝတ် ကို​ဖြေ​ရန်​မ​နှောင့်​နှေး​စေ​နှင့်။ အ​ကယ်​၍ နှောင့်​နှေး​ခဲ့​သော်​သင်​၌​အ​ပြစ်​ရောက်​လိမ့် မည်။-

22. ထာ​ဝ​ရ​ဘု​ရား​အား​ကတိ​မ​ထား​ဘဲ​နေ​လို လျှင်​နေ​နိုင်​၏။

23. သို့​ရာ​တွင်​မိ​မိ​၏​ဆန္ဒ​အ​လျောက်​ကတိ​သစ္စာ ထား​လျှင် ထို​ကတိ​အ​တိုင်း​တည်​စေ​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 23