ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 23:1-5 Common Language Bible (BCL)

1. ``သင်း​ကွပ်​ထား​သော​ယောကျာ်း သို့​မ​ဟုတ် ယောကျာ်း​တန်​ဆာ​ပြတ်​နေ​သူ​အား ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​မ​ပါ ဝင်​စေ​ရ။

2. ``မိစ္ဆာ​မေ​ထုံ​သံ​ဝါ​သ​အား​ဖြင့်​ရ​သော​သား နှင့် ယင်း​၏​မျိုး​ဆက်​ဆယ်​ဆက်​တိုင်​အောင် ထာ ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင် မ​ပါ​ဝင်​စေ​ရ။

3. ``အမ္မုန်​အမျိုး​သား၊ မော​ဘ​အ​မျိုး​သား​နှင့် သူ​တို့​၏​အ​ဆက်​အ​နွယ်​ဆယ်​ဆက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း တွင်​မ​ပါ​ဝင်​စေ​ရ။-

4. သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ကြ​စဉ်​သူ တို့​သည် သင်​တို့​လို​အပ်​သော​ရိက္ခာ​နှင့်​ရေ ကို​မ​ပေး​ကြ။ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ပေ​သော်​မြို့​သား၊ ဗော​ရ​၏​သား​ဗာ​လမ်​ကို ငှား​၍​သင်​တို့​အား​ကျိန်​ဆဲ​စေ​ကြ​၏။-

5. သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ချစ်​သော​ကြောင့်​ဗာ လမ်​၏​ကျိန်​ဆဲ​ခြင်း​ကို​လက်​ခံ​တော်​မ​မူ။ သူ​သည်​သင်​တို့​အား​ကျိန်​ဆဲ​စေ​မည့် အ​စား​ကောင်း​ချီး​ပေး​စေ​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 23