1. ``သင်းကွပ်ထားသောယောကျာ်း သို့မဟုတ် ယောကျာ်းတန်ဆာပြတ်နေသူအား ထာဝရ ဘုရား၏လူမျိုးတော်စာရင်းတွင်မပါ ဝင်စေရ။
2. ``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
3. ``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-
4. သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-
5. သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-
6. သင်တို့၏နိုင်ငံတည်တံ့သမျှကာလပတ် လုံး ထိုလူမျိုးတို့၏အကျိုးကိုမရှာကြ နှင့်။
7. ``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
8. ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
9. ``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။-
10. တစ်စုံတစ်ယောက်သည်ညအချိန်၌သုက် လွှတ်မိလျှင် သူသည်စခန်းအပြင်သို့ထွက် ၍နေရမည်။-
11. ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။