ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 21:7-19 Common Language Bible (BCL)

7. `အ​ကျွန်ုပ်​တို့​သည်​ထို​သူ​ကို​မ​သတ်​ပါ။ မည်​သူ​သတ်​သည်​ဟူ​၍​အ​ကျွန်ုပ်​တို့​မ​သိ ပါ။-

8. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အီဂျစ်​ပြည် မှ​ကယ်​တင်​ခဲ့​သော ဣ​သ​ရေ​လ​လူ​မျိုး​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ တစ်​ယောက်​ကို​သတ်​သော​အ​ပြစ်​သည် အ​ကျွန်ုပ် တို့​အ​ပေါ်​တွင်​မ​ကျ​ရောက်​ပါ​စေ​နှင့်' ဟု ဆို​ရ​မည်။-

9. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​ခြင်း​ဖြင့် သင်​တို့​သည် လူ​အ​သက်​ကို​သတ်​ခြင်း​အပြစ်​မှ​ကင်း လွတ်​ကြ​လိမ့်​မည်။''

10. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် စစ်​ပွဲ​အောင်​စေ​သ​ဖြင့် သင်​တို့​သည် သုံ့​ပန်း​များ​ကို​လက်​ရ​ဖမ်း​ဆီး​မိ​သော အ​ခါ၊-

11. သုံ့​ပန်း​များ​ထဲ​မှ​ရုပ်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ကို​မြင်​၍ နှစ်​သက်​သ​ဖြင့်​လက်​ထပ်​ယူ လို​ပေ​လိမ့်​မည်။-

12. သူ့​ကို​သင်​၏​အိမ်​သို့​ခေါ်​ဆောင်​၍​သူ​၏​ဆံ​ပင် ကို​ရိတ်​စေ​ရ​မည်။ လက်​သည်း​များ​ကို​လှီး​စေ ရ​မည်။-

13. အ​ဝတ်​အ​စား​များ​ကို​လဲ​စေ​ရ​မည်။ သူ​သည် သင်​၏​အိမ်​တွင်​နေ​ထိုင်​၍ သူ​၏​မိ​ဘ​များ အ​တွက်​တစ်​လ​ကြာ​မျှ​ဝမ်း​နည်း​ပူ​ဆွေး စေ​ရ​မည်။-

14. ထို့​နောက်​သင်​သည်​သူ့​ကို​မ​ယား​အ​ဖြစ်​သိမ်း ပိုက်​နိုင်​သည်။ နောင်​အ​ခါ​သူ​နှင့်​မ​ပေါင်း​သင်း လို​လျှင် လွတ်​လပ်​စွာ​သွား​ခွင့်​ပြု​ရ​မည်။ သင် သည်​သူ့​အား​မ​ယား​အ​ဖြစ်​အ​တင်း​အ​ဋ္ဌမ္မ သိမ်း​ပိုက်​ခဲ့​သည်​ဖြစ်​သော​ကြောင့် ကျွန်​အ​ဖြစ် မ​စေ​စား​ရ။ ငွေ​နှင့်​လည်း​မ​ရောင်း​ရ။''

15. ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​တွင်​မ​ယား​နှစ် ယောက်​ရှိ​လျှင် မ​ယား​နှစ်​ယောက်​စ​လုံး​တွင် သား​ယောကျာ်း​များ​ဖွား​မြင်​အံ့။ သား​ဦး​သည် သူ​ပို​၍​ချစ်​သော​မ​ယား​၏​သား​မ​ဟုတ်။-

16. ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-

17. သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''

18. ``မိ​ဘ​တို့​ဆုံး​မ​သော်​လည်း​မ​နာ​ခံ ခေါင်း​မာ​၍ တော်​လှန်​တတ်​သော​သား​ရှိ​လျှင်၊-

19. မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 21