1. ``အကယ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် ကွင်းပြင်၌ လက်သည်မပေါ်သောလူသေအလောင်းတစ်ခု ကိုတွေ့ရအံ့။-
2. သင်တို့၏အကြီးအကဲများနှင့်တရားသူ ကြီးတို့သည်ကွင်းဆင်း၍ လူသေအလောင်း တွေ့ရှိသောအရပ်နှင့်နီးစပ်ရာမြို့များ၏ အကွာအဝေးကိုတိုင်းတာရမည်။-
3. ထို့နောက်အလောင်းနှင့်အနီးဆုံးမြို့မှအကြီး အကဲတို့သည် ထမ်းပိုးမတင်ရသေးသော နွားမတမ်းမတစ်ကောင်ကိုရွေးရမည်။-
4. ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။-
5. လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
6. ထို့နောက်လူသေအလောင်းတွေ့ရှိရာအရပ် နှင့်အနီးဆုံးမြို့မှအကြီးအကဲအပေါင်း တို့သည် နွားမအပေါ်တွင်လက်ကိုရေဆေး လျက်၊-