ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 20:12-20 Common Language Bible (BCL)

12. သို့​ရာ​တွင်​ထို​မြို့​သား​တို့​သည်​လက်​နက် မ​ချ​ဘဲ​ခု​ခံ​တိုက်​ခိုက်​မည်​ဆို​လျှင် သင်​တို့ ၏​စစ်​တပ်​သည်​မြို့​ကို​ဝိုင်း​ထား​ရ​မည်။-

13. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​မြို့​ကို​သိမ်း​ယူ​စေ​သော​အ​ခါ မြို့​ထဲ​၌​ရှိ​သော​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

14. သို့​ရာ​တွင်​မိန်း​မ​များ၊ က​လေး​များ၊ သိုး​နွား စ​သော​တိ​ရစ္ဆာန်​များ​နှင့်​မြို့​တွင်း​၌​ရှိ​သ​မျှ သော​ပစ္စည်း​များ​ကို သင်​တို့​အ​တွက်​သိမ်း​ယူ နိုင်​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​ပိုင်​သ​မျှ ပစ္စည်း​အား​လုံး​ကို သင်​တို့​သုံး​စွဲ​ရန်​သင်​တို့ လက်​သို့​ပေး​အပ်​တော်​မူ​၏။-

15. သင်​တို့​နေ​ထိုင်​မည့်​ပြည်​နှင့်​အ​လှမ်း​ဝေး​သော မြို့​များ​ကို ဤ​နည်း​အ​တိုင်း​တိုက်​ခိုက်​သိမ်း​ပိုက် ရ​မည်။

16. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

17. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

18. ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။

19. ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို ကြာ​မြင့်​စွာ​တပ် ချ​ဝိုင်း​ထား​ရ​သည့်​အ​ခါ​အ​သီး​ပင်​များ ကို​မ​ခုတ်​လှဲ​ရ။ အ​သီး​ကို​စား​နိုင်​သည်။ ထို အ​ပင်​များ​သည်​သင်​တို့​၏​ရန်​သူ​များ​မ​ဟုတ် သ​ဖြင့်​မ​ဖျက်​ဆီး​နှင့်။-

20. မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 20