11. သူတို့ကမြို့တံခါးများကိုဖွင့်၍လက်နက် ချလျှင် သူတို့သည်သင်တို့စေခိုင်းသမျှကို ဆောင်ရွက်ရသောသင်တို့၏ကျွန်များဖြစ် ရမည်။-
12. သို့ရာတွင်ထိုမြို့သားတို့သည်လက်နက် မချဘဲခုခံတိုက်ခိုက်မည်ဆိုလျှင် သင်တို့ ၏စစ်တပ်သည်မြို့ကိုဝိုင်းထားရမည်။-
13. သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမြို့ကိုသိမ်းယူစေသောအခါ မြို့ထဲ၌ရှိသောယောကျာ်းရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ရမည်။-
14. သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-
15. သင်တို့နေထိုင်မည့်ပြည်နှင့်အလှမ်းဝေးသော မြို့များကို ဤနည်းအတိုင်းတိုက်ခိုက်သိမ်းပိုက် ရမည်။
16. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
17. ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန် အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုး သား၊ ယေဗုသိအမျိုးသားအပေါင်းတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ရမည်။-
18. ထိုသူတို့သည်မိမိတို့၏ကိုးကွယ်မှုဆိုင်ရာ စက်ဆုပ်ဖွယ်သောအလေ့အကျင့်များကို သင် တို့အားသင်ကြားပေးသဖြင့်သင်တို့သည် ထာဝရဘုရားကိုပြစ်မှားလိမ့်မည်။ ထို့ ကြောင့်သူတို့ကိုသတ်ဖြတ်သုတ်သင်ရမည်။
19. ``သင်တို့သည်မြို့တစ်မြို့ကို ကြာမြင့်စွာတပ် ချဝိုင်းထားရသည့်အခါအသီးပင်များ ကိုမခုတ်လှဲရ။ အသီးကိုစားနိုင်သည်။ ထို အပင်များသည်သင်တို့၏ရန်သူများမဟုတ် သဖြင့်မဖျက်ဆီးနှင့်။-
20. မြို့ကိုကျဆုံးသည်အထိတိုက်ခိုက်ရန်ခံတပ် ဆောက်လုပ်ရေးအတွက် အခြားသစ်ပင်များ ကိုခုတ်လှဲနိုင်သည်။