1. ``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
2. စစ်ပွဲမဝင်မီယဇ်ပုရောဟိတ်တစ်ပါးသည် စစ်တပ်ရှေ့သို့ထွက်၍၊-
3. `ဣသရေလအမျိုးသားတို့နားထောင်လော့။ ယနေ့သင်တို့သည်စစ်ပွဲထဲသို့ဝင်ရအံ့။ စိတ် ပျက်ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြနှင့်။-
4. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
5. ``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-
6. သင်တို့တွင်စပျစ်ခြံကိုစိုက်၍အသီးကိုမစု သိမ်းရသေးသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍သူ သည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြားသူ တစ်ယောက်ကခြံထွက်စပျစ်သီးကိုစားရ လိမ့်မည်။-
7. သင်တို့တွင်အမျိုးသမီးနှင့်ထိမ်းမြားရန် စေ့စပ်ထားသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြား သူတစ်ယောက်ကထိုအမျိုးသမီးကိုထိမ်း မြားလက်ထပ်လိမ့်မည်' ဟုတပ်သားတို့အား ပြောဆိုရမည်။
8. ``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
9. စစ်ဗိုလ်များကတပ်သားတို့အားပြောဆိုပြီး နောက်တပ်ခွဲတစ်ခုစီမှခေါင်းဆောင်များကို ရွေးချယ်ခန့်ထားရမည်။
10. ``သင်တို့သည်မြို့တစ်မြို့ကိုစစ်ချီတိုက်ခိုက် သောအခါ ပထမဦးစွာမြို့သားတို့အား လက်နက်ချခွင့်ပေးရမည်။-
11. သူတို့ကမြို့တံခါးများကိုဖွင့်၍လက်နက် ချလျှင် သူတို့သည်သင်တို့စေခိုင်းသမျှကို ဆောင်ရွက်ရသောသင်တို့၏ကျွန်များဖြစ် ရမည်။-
12. သို့ရာတွင်ထိုမြို့သားတို့သည်လက်နက် မချဘဲခုခံတိုက်ခိုက်မည်ဆိုလျှင် သင်တို့ ၏စစ်တပ်သည်မြို့ကိုဝိုင်းထားရမည်။-
13. သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမြို့ကိုသိမ်းယူစေသောအခါ မြို့ထဲ၌ရှိသောယောကျာ်းရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ရမည်။-
14. သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-