ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 19:11-19 Common Language Bible (BCL)

11. ``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-

12. သူ​နေ​ရင်း​မြို့​မှ​အ​ကြီး​အ​ကဲ​တို့​သည်​သူ့ အား​ခေါ်​ဆောင်​စေ​ပြီး​လျှင် သေ​ဒဏ်​ခတ်​ရန် သေ​သူ​အ​တွက်​လက်​စား​ချေ​မည့်​သူ​လက် သို့​အပ်​ရ​မည်။-

13. သူ့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ သင်​တို့​သည် အေး​ချမ်း​စွာ​နေ​ထိုင်​နိုင်​ရန် ဣ​သ​ရေ​လ​လူ မျိုး​ထဲ​မှ​ထို​လူ​သတ်​သ​မား​ကို​ဖယ်​ရှား​ပစ် ရ​မည်။''

14. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် ရှေး​အ​ခါ က​စိုက်​ထား​သည့်​သင်​၏​အိမ်​နီး​ချင်း​ပိုင် မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။''

15. ``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-

16. တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ခြား​သူ တစ်​ယောက်​အား​ပြစ်​မှု​ကူး​လွန်​သည်​ဟူ ၍​မ​တ​ရား​စွပ်​စွဲ​လျှင်၊-

17. ထို​သူ​နှစ်​ဦး​တို့​သည် တစ်​ခု​တည်း​သော​ကိုး ကွယ်​ရာ​ဌာ​န​၌​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် များ​နှင့် တ​ရား​သူ​ကြီး​များ​ထံ​တွင်​အ​စစ် ခံ​ရ​မည်။-

18. တ​ရား​သူ​ကြီး​တို့​သည်​အ​မှု​ကို​စေ့​စပ်​စွာ စစ်​ဆေး​၍ ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​အား မ​တ​ရား​စွပ်​စွဲ​ကြောင်း​စစ် ဆေး​တွေ့​ရှိ​ရ​လျှင်၊-

19. အ​စွပ်​စွဲ​ခံ​ရ​သူ​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​ကို​သူ့ အား​ခံ​စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ထို​သို့​သော​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 19