ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 17:11-16 Common Language Bible (BCL)

11. သင်​တို့​သည်​သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို လက်​ခံ​၍ ညွှန်​ကြား​ချက်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ရ​မည်။-

12. တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-

13. ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ထို​သ​တင်း ကို​ကြား​၍​ကြောက်​ရွံ့​သ​ဖြင့် ထို​ကဲ့​သို့ နောက်​တစ်​ဖန်​ပြု​ဝံ့​မည်​မ​ဟုတ်​ချေ။''

14. ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-

15. ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​သူ ကို​သာ​ဘု​ရင်​တင်​မြှောက်​ရ​မည်။ သူ​သည် သင်​တို့​၏​အ​မျိုး​သား​ချင်း​ထဲ​မှ​ဖြစ်​ရ မည်။ လူ​မျိုး​ခြား​ကို​ဘု​ရင်​မ​တင်​မြှောက်​ရ။-

16. ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 17