ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 17:1-7 Common Language Bible (BCL)

1. ``အ​ပြစ်​အ​နာ​အ​ဆာ​ပါ​ရှိ​သော​နွား​ထီး၊ သို့​မ​ဟုတ်​သိုး​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သို့​သော​ယဇ်​ကောင်​ကို​ရွံ​ရှာ တော်​မူ​၏။''

2-4. ``အ​ကယ်​၍​သင်​တို့​၏​မြို့​ရွာ​များ​တွင် ယောကျာ်း သို့​မ​ဟုတ်​မိန်း​မ​တစ်​ဦး​ဦး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​လျက် အ​ခြား​သော​ဘု​ရား​များ​နှင့်​နေ၊ လ၊ ကြယ် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ အ​ပြစ် ကူး​လွန်​ကြောင်း​သ​တင်း​ကြား​မိ​လျှင်​စေ့ စေ့​စပ်​စပ်​စုံ​စမ်း​လော့။ ဣ​သ​ရေ​လ​အမျိုး သား​တို့​တွင်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​မှု ပြု​သည်​ကို​ဧ​ကန်​သိ​ရ​သော​အ​ခါ၊-

5. ထို​ဒု​စ​ရိုက်​ကူး​လွန်​သူ​ကို​မြို့​ပြင်​သို့​ထုတ် လျက် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-

6. သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-

7. သက်​သေ​ခံ​များ​က​ထို​သူ​ကို​ကျောက်​ခဲ​နှင့် အ​ဦး​ဆုံး​ပစ်​ပြီး​မှ​အ​ခြား​သူ​များ​က ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့် ထို​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 17