ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 16:13-22 Common Language Bible (BCL)

13. ``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-

14. သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-

15. သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''

16-17. ``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''

18. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သည့်​မြို့​တိုင်း​တွင် တ​ရား သူ​ကြီး​များ​နှင့်​အ​ခြား​အ​ရာ​ရှိ​များ​ကို ခန့်​ထား​ရ​မည်။ ဤ​သူ​တို့​သည်​မျက်​နှာ မ​လိုက်​ဘဲ​တ​ရား​စီ​ရင်​ရ​မည်။-

19. တ​ရား​စီ​ရင်​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​စီ​ရင် ခြင်း၊ မျက်​နှာ​လိုက်​ခြင်း​မ​ပြု​လုပ်​ရ။ တံ​စိုး လက်​ဆောင်​ကို​လည်း​လက်​မ​ခံ​ရ။ တံ​စိုး​လက် ဆောင်​သည်​ပ​ညာ​ရှိ​နှင့်​ဖြောင့်​မတ်​သူ​တို့​၏ မျက်​စိ​ကို​ဖုံး​ကွယ်​စေ​၍ မှား​ယွင်း​စွာ​အ​ဆုံး အ​ဖြတ်​ချ​မှတ်​စေ​တတ်​၏။-

20. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​ကို​သိမ်း​ယူ​၍ ထို ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​သည်​တ​ရား​မျှ​တ​စွာ​အ​စဉ်​ပြု​မူ ကျင့်​ကြံ​ရ​ကြ​မည်။''

21. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​တွက် ယဇ်​ပလ္လင်​ကို​တည်​သော​အ​ခါ​ပလ္လင် အ​နီး​တွင်​အာ​ရှ​ရ​ဘု​ရား​မ​၏​သစ်​တိုင် ကို​မ​စိုက်​မ​ထူ​ရ။-

22. ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကျောက်​တိုင်​ကို​လည်း မ​စိုက်​မ​ထူ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို အ​ရာ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 16