ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 16:12-18 Common Language Bible (BCL)

12. သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''

13. ``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-

14. သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-

15. သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''

16-17. ``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''

18. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သည့်​မြို့​တိုင်း​တွင် တ​ရား သူ​ကြီး​များ​နှင့်​အ​ခြား​အ​ရာ​ရှိ​များ​ကို ခန့်​ထား​ရ​မည်။ ဤ​သူ​တို့​သည်​မျက်​နှာ မ​လိုက်​ဘဲ​တ​ရား​စီ​ရင်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 16