ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 16:1-12 Common Language Bible (BCL)

1. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​ညဥ့်​အ​ခါ သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ကြောင့် ထို​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ရန်​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ လော့။-

2. သင်​တို့​သည်​ကိုး​ကွယ်​ရာ​တစ်​ခု​တည်း​သော ဌာ​န​သို့​သွား​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ထို​ဌာ​န​တွင်​နွား​သို့​မ​ဟုတ်​သိုး​ကို​သတ် ၍​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ​လော့။-

3. သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​အ​ဆော​တ​လျင် ထွက်​ခွာ​လာ​ခဲ့​ရ​စဉ်​က တ​ဆေး​မ​ပါ​သော မုန့်​ကို​စား​သ​ကဲ့​သို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရာ​တွင် တ​ဆေး​မ​ပါ​သော​မုန့်​ကို​ခု​နစ်​ရက်​တိုင်​တိုင် စား​ရ​မည်။ သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရာ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ရ​သော​နေ့​ကို တစ်​သက်​လုံး​သ​တိ​ရ​စေ​ရန် ဆင်း​ရဲ​ဒုက္ခ တည်း​ဟူ​သော​တ​ဆေး​မ​ပါ​သော​မုန့် ကို​စား​ကြ​လော့။-

4. သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင် ခု​နစ်​ရက်​ပတ် လုံး​မည်​သူ​၏​အိမ်​၌​မျှ​တ​ဆေး​မ​ရှိ​စေ​ရ။ ပ​ထ​မ​နေ့​ည​နေ​တွင်​သတ်​သော​တိရစ္ဆာန်​၏ အ​သား​ကို​လည်း ည​တွင်း​ချင်း​ကုန်​အောင် စား​ရ​မည်။''

5-6. ``သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​အ​ခြား​နေ​ရာ များ​တွင် ပ​သ​ခါ​ပွဲ​တော်​အ​တွက်​ယဇ်​ကောင် များ​ကို​မ​သတ်​ရ။ ကိုး​ကွယ်​ရာ​တစ်​ခု​တည်း သော​ဌာ​န​၌​သာ​ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​များ ကို​သတ်​ရ​မည်။ သင်​တို့​သည်​နေ​ဝင်​ချိန်​တွင် အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့​ရ​သည်။ သို့​ဖြစ်​၍ နေ​ဝင်​ချိန်​၌​ယဇ်​ကောင်​များ​ကို​သတ်​ရ​မည်။-

7. သင်​တို့​သည်​ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော ဌာ​န​တွင်​ထို​အ​သား​ကို​ပြုတ်​၍​စား​ပြီး လျှင် နောက်​တစ်​နေ့​နံ​နက်​၌​နေ​အိမ်​သို့ ပြန်​ရ​ကြ​မည်။-

8. သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​တ​ဆေး​မ​ပါ သော​မုန့်​ကို​စား​၍​သတ္တ​မ​နေ့​တွင်​စု​ဝေး​လျက် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။

9. ``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-

10. ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ကောက်​သိမ်း ပွဲ​တော်​ကို​ကျင်း​ပ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့်​အ​မျှ စေ​တ​နာ​အ​လျောက်​လှူ​ဖွယ်​သ​ကာ​ကို ထို​ပွဲ​တော်​သို့​ယူ​ဆောင်​ဆက်​ကပ်​လော့။-

11. သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-

12. သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 16