ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 12:14-32 Common Language Bible (BCL)

14. သင်​တို့​အ​နွယ်​များ​အ​နက်​တစ်​နွယ်​၏​နယ် မြေ​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​မည့်​ဌာ​န​၌​သာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​ဌာ​န ၌​သာ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​၍ သင်​တို့​အား ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ဆောင်​ရွက်​ရ​မည်။''

15. ``သို့​ရာ​တွင်​သင်​တို့​နေ​ထိုင်​ရာ မြို့​ရွာ​များ​၌ တိ​ရစ္ဆာန်​များ​ကို​သတ်​စား​နိုင်​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ကြွယ်​ဝ​ချမ်း​သာ စေ​တော်​မူ​သ​မျှ​အ​တိုင်း​သတ်​စား​နိုင်​သည်။ သင်​တို့​အ​ပေါင်း​သည်​သ​မင်​ဒ​ရယ်​သား ကို​စား​သုံး​ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး တမ်း​အ​ရ​စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ် သူ​ဖြစ်​စေ​ထို​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား သုံး​ခွင့်​ရှိ​သည်။-

16. သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။-

17. ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-

18. သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-

19. သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''

20. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-

21. အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-

22. သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။-

23. သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-

24. သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။-

25. ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။-

26. သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။-

27. ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။-

28. သင်​တို့​သည်​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​ခြင်း​အား​ဖြင့် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် တွင်​မှန်​ကန်​သော​အ​မှု၊ နှစ်​သက်​တော်​မူ​ဖွယ် သော​အ​မှု​ကို​ပြု​ကြ​သော​ကြောင့် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​စဉ် အ​မြဲ​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''

29. ``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။-

30. ထာ​ဝ​ရ​ဘု​ရား​က​ထို​လူ​မျိုး​များ​ကို​သုတ် သင်​ပယ်​ရှင်း​ပြီး​သော​အ​ခါ သင်​တို့​သည်​သူ​တို့ ၏​ဘာ​သာ​ရေး​အ​လေ့​အ​ကျင့်​များ​ကို​မ​လိုက် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သူ​တို့​၏​အ​လေ့ အ​ကျင့်​များ​ကို​လိုက်​ခြင်း​သည် သင်​တို့​အ​တွက် သေ​လောက်​သော​ကျော့​ကွင်း​ဖြစ်​လိမ့်​မည်။-

31. သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-

32. သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 12