ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တ​ရား​ဟော 12:1-6 Common Language Bible (BCL)

1. ``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-

2. သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။-

3. သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​၍ သူ​တို့​၏ ဘု​ရား​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက်​ရ​မည်။ သူ​တို့​ကိုး​ကွယ်​သော​ဘု​ရား​မ​အာ​ရှ​ရ​၏ တံ​ခွန်​တိုင်​များ​ကို​မီး​ရှို့​ရ​မည်။ သူ​တို့​၏ ရုပ်​တု​များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ထို​အ​ရပ်​များ​တွင် ယင်း ဘု​ရား​များ​ကို​ကိုး​ကွယ်​မှု​ပ​ပျောက်​သွား လိမ့်​မည်။-

4. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သူ​တို့​ကိုး​ကွယ်​သည့်​နည်း​အ​တိုင်း​မ​ကိုး ကွယ်​ရ။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-

6. သင်​တို့​သည်​ထို​ဌာ​န​တွင် မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခြား​ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့် ပူ​ဇော်​သ​ကာ​များ၊ ထာ​ဝ​ရ​ဘု​ရား​အား က​တိ​ထား​သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ စေ​တ​နာ​အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ၊ သင်​တို့​၏​သိုး​နွား​တို့​မှ​သား​ဦး​ပေါက်​စ​သည် တို့​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​ရား​ဟော 12