ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 8:9-24 Common Language Bible (BCL)

9. ထို​နောက်​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​ကို စု​ရုံး​စေ​၍ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ငါ​စံ တော်​မူ​ရာ​တဲ​တော်​ရှေ့​တွင်​ရပ်​စေ​ရ​မည်။-

10. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ခေါင်း​များ ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-

11. လေ​ဝိ​အ​နွယ်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​မှ ငါ့​အား​ဆက်​သ​သော​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ်​အာ​ရုန်​သည်​ဆက်​ကပ် ရ​မည်။ ဤ​နည်း​ဖြင့်​သူ​တို့​သည် ငါ​၏​အ​မှု တော်​ကို​ဆောင်​ရွက်​နိုင်​မည်။-

12. ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။

13. ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အား​အ​ထူး ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​၍ အာ​ရုန်​နှင့် သူ​၏​သား​တို့​က​သူ​တို့​ကို​ကြီး​ကြပ်​ကွပ် ကဲ​စေ​ရ​မည်။-

14. ဤ​နည်း​အား​ဖြင့်​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ ဖြစ်​စေ​ခြင်း​ငှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့ မှ​သီး​ခြား​ခွဲ​ထုတ်​လော့။-

15. သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။-

16. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ပေါင်း​တို့​ကိုယ်​စား သူ​တို့​ကို​ငါ့​အ​တွက် ငါ​ရွေး​ကောက်​ခဲ့​သ​ဖြင့်​သူ​တို့​သည်​ငါ​နှင့် သာ​ဆိုင်​၏။-

17. ငါ​သည်​အီ​ဂျစ်​ပြည်​တွင်​သား​ဦး​အ​ပေါင်း တို့​ကို​သေ​ဒဏ်​ခတ်​ခဲ့​စဉ်​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​များ​နှင့်​တိ​ရစ္ဆာန် သား​ဦး​ပေါက်​များ​ကို ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ် သီး​သန့်​ရွေး​ချယ်​ခဲ့​၏။-

18. ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​အ​စား လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ်​၍၊-

19. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ပူ​ဇော် သ​ကာ​အ​ဖြစ် အာ​ရုန်​နှင့်​သူ​၏​သား​များ လက်​သို့​အပ်​နှံ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုယ်​စား​တဲ​တော်​တွင်​အ​မှု ထမ်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​နီး​သို့​ချဉ်း​ကပ်​၍ ဘေး​ဒဏ်​မ​သင့်​စေ​ရန်​သူ​တို့​က​ကာ​ကွယ် စောင့်​ရှောက်​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

20. သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။-

21. လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။-

22. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။

23. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

24. ``လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​အ​သက်​နှစ်​ဆယ့် ငါး​နှစ်​အ​ရွယ်​သို့​ရောက်​သူ​တိုင်း တဲ​တော် တွင်​အ​မှု​ထမ်း​၍၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 8