ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 8:7-13 Common Language Bible (BCL)

7. သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

8. ထို​နောက်​သူ​တို့​သည်​နွား​ထီး​ပေါက်​တစ်​ကောင် နှင့်​ဘော​ဇဉ်​သ​ကာ​အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား သော​မုန့်​ညက်​ကို​ယူ​ဆောင်​ခဲ့​စေ​ရ​မည်။ အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​နောက်​ထပ်​နွား​တစ်​ကောင် ယူ​ဆောင်​ခဲ့​ရ​မည်။-

9. ထို​နောက်​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​ကို စု​ရုံး​စေ​၍ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ငါ​စံ တော်​မူ​ရာ​တဲ​တော်​ရှေ့​တွင်​ရပ်​စေ​ရ​မည်။-

10. ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ခေါင်း​များ ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-

11. လေ​ဝိ​အ​နွယ်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​မှ ငါ့​အား​ဆက်​သ​သော​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ်​အာ​ရုန်​သည်​ဆက်​ကပ် ရ​မည်။ ဤ​နည်း​ဖြင့်​သူ​တို့​သည် ငါ​၏​အ​မှု တော်​ကို​ဆောင်​ရွက်​နိုင်​မည်။-

12. ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။

13. ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အား​အ​ထူး ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​၍ အာ​ရုန်​နှင့် သူ​၏​သား​တို့​က​သူ​တို့​ကို​ကြီး​ကြပ်​ကွပ် ကဲ​စေ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 8