ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 7:1-5 Common Language Bible (BCL)

1. မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-

2. ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ရာ​၌​ကြီး ကြပ်​ဆောင်​ရွက်​ခဲ့​သည့် ဣ​သ​ရေ​လ​အ​နွယ် ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော​မိ​သား​စု အ​ကြီး​အ​ကဲ​တို့​သည်၊-

3. ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။ ခေါင်း​ဆောင်​တစ် ဦး​လျှင်​နွား​ထီး​တစ်​ကောင်​ကျ​နှင့်​ခေါင်း ဆောင်​နှစ်​ဦး​လျှင် လှည်း​တစ်​စီး​ကျ​စု​စု ပေါင်း​လှည်း​ခြောက်​စီး​နှင့်​နွား​တစ်​ဆယ့် နှစ်​ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ကြ​သည်။-

4. ယင်း​သို့​ဆက်​သ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​အား၊-

5. ``သင်​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ရန် ဤ​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​လက်​ခံ လော့။ လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆောင်​ရွက်​ရ​မည့် လုပ်​ငန်း​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​သူ တို့​အား​ပေး​အပ်​လော့'' ဟု​မိန့်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 7