ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 6:5-12 Common Language Bible (BCL)

5. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။-

6-7. သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-

8. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။

9. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တစ်​ယောက်​၏​အ​နီး​တွင် တစ် စုံ​တစ်​ယောက်​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သည်​ရှိ သော် သူ​၏​ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည် ညစ် ညမ်း​သွား​လိမ့်​မည်။ ယင်း​သို့​ဖြစ်​လျှင်​သူ​သည် ခု​နစ်​ရက်​စောင့်​ဆိုင်း​၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​မွေး ကို​ရိတ်​ရ​မည်။ ထို​အ​ခါ​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

10. အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည်​ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​ရှိ​ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

11. သူ​သည်​လူ​သေ​ကောင်​နှင့်​တွေ့​ထိ​၍​ညစ်​ညမ်း သွား​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ပြု​ရန် ငှက်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း​ကောင်း၊ ကျန်​ငှက်​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း​ပူ​ဇော်​ရ​မည်။ ထို​နေ့​တွင်​သူ​၏ ဆံ​ပင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လည် ဆက်​ကပ်​ရ​မည်။-

12. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် မိ​မိ​ကိုယ်​ကို​အ​သစ် တစ်​ဖန်​ဆက်​ကပ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည်​ညစ်​ညမ်း​သွား သော​ကြောင့် ယ​ခင်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​သည်​ပျက် ပြယ်​ပြီ​ဖြစ်​၏။ သူ​သည်​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ် ပူ​ဇော်​ရန် တစ်​နှစ်​သား​သိုး​က​လေး​ကို​ယူ ခဲ့​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 6