3. ထိုသူသည်သေရည်သေရက်ကိုရှောင်ကြဉ်ရ မည်။ သူသည်စပျစ်ရည်ကိုမသောက်ရ၊ စပျစ် သီးစိမ်းသို့မဟုတ်စပျစ်ခြောက်ကိုမစား ရ။-
4. သူသည်နာဇရိဂိုဏ်းဝင်အဖြစ်ဖြင့်ရှိနေ သမျှကာလပတ်လုံးစပျစ်သီးစေ့၊ စပျစ် သီးခွံမှစ၍စပျစ်ပင်မှရသမျှကိုမ စားရ။
5. သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။-
6-7. သူ၏ဆံပင်သည်မိမိကိုယ်ကို ဘုရားသခင် အားဆက်ကပ်သောအမှတ်လက္ခဏာဖြစ်သည်။ ထိုကြောင့်သူသည်မိမိကိုယ်ကိုမညစ်ညမ်း စေရန်လူသေအလောင်းအနီးသို့မချဉ်း ကပ်ရ။ မိဘ၊ ညီအစ်ကို၊ နှမသေသော် လည်းမချဉ်းကပ်ရ။-
8. သူသည်နာဇရိဂိုဏ်းဝင်ဖြစ်သည့်ကာလ ပတ်လုံး ထာဝရဘုရားအားဆက်ကပ်ထား သူဖြစ်သည်။
9. နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
10. အဋ္ဌမနေ့တွင်သူသည်ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော် မူရာတဲတော်တံခါးဝရှိယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။-
11. သူသည်လူသေကောင်နှင့်တွေ့ထိ၍ညစ်ညမ်း သွားသဖြင့် ယဇ်ပုရောဟိတ်သည်သူ့အတွက် သန့်စင်ခြင်းဝတ်ပြုရန် ငှက်တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်လည်းကောင်း၊ ကျန်ငှက်တစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်းပူဇော်ရမည်။ ထိုနေ့တွင်သူ၏ ဆံပင်ကို ထာဝရဘုရားအားပြန်လည် ဆက်ကပ်ရမည်။-
12. နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။
13-14. နာဇရိဂိုဏ်းဝင်သည်အဋ္ဌိဋ္ဌာန်ကာလကုန် ဆုံးသောအခါ ပြုရမည့်ဝတ်ကားဤသို့ တည်း။ သူသည်မီးရှို့ရာယဇ်အတွက် အပြစ် အနာကင်းသောတစ်နှစ်သားသိုးထီးက လေးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာကင်းသောသိုးအမတစ်ကောင်နှင့် မိတ်သဟာယယဇ်အတွက်အပြစ်အနာ ကင်းသောသိုးထီးတစ်ကောင်ကို ထာဝရ ဘုရားအားဆက်သရန် တဲတော်တံခါးဝ သို့ယူဆောင်ခဲ့ရမည်။-
15. သံလွင်ဆီနှင့်မုန့်ညက်ရော၍ပြုလုပ်သော တဆေးမဲ့မုန့်လုံးများနှင့် သံလွင်ဆီသုတ် သောတဆေးမဲ့မုန့်ပြားများပါရှိသည့် မုန့်တောင်းကိုလည်းဆက်သရမည်။ ထို့ အပြင်ဘောဇဉ်သကာနှင့် စပျစ်ရည် သကာတို့ကိုလည်းဆက်သရမည်။
16. ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာအားလုံး ကိုထာဝရဘုရားထံဆက်သ၍ အပြစ်ဖြေ ရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော်ရမည်။-
17. သူသည်မိတ်သဟာယယဇ်အဖြစ်သိုးထီး ကိုပူဇော်သောအခါ မုန့်တောင်းကိုလည်း ဆက်သရမည်။ တစ်ချိန်တည်းတွင်ဘောဇဉ် သကာနှင့် စပျစ်ရည်သကာတို့ကိုလည်း ဆက်သရမည်။-
18. နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။