ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 6:21-27 Common Language Bible (BCL)

21. ဤ​ပ​ညတ်​များ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့ အ​တွက် ပြ​ဋ္ဌာန်း​ထား​သည့်​ပ​ညတ်​များ​ဖြစ် သည်။ သို့​ရာ​တွင်​လူ​တစ်​ဦး​သည်​နာ​ဇ​ရိ ဂိုဏ်း​ဝင်​ဖြစ်​ရန်​အ​တွက် အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ရန်​လို အပ်​သည်​ထက်​ပို​၍​ပြု​ခဲ့​သော် ထို​အ​ဋ္ဌိ​ဋ္ဌာန် အ​တိုင်း​ဆောင်​ရွက်​စေ​ရ​မည်။

22-23. အာ​ရုန်​နှင့်​သူ​၏​သား​တို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အောက်​ပါ​အ​တိုင်း ကောင်း​ချီး​မင်္ဂ လာ​ပေး​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ မှ​တစ်​ဆင့်​မိန့်​မှာ​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​၍၊ စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။

25. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​က​ရု​ဏာ ထား​၍၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။

26. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြင်​နာ စွာ​မျှော်​ကြည့်​၍ ချမ်း​မြေ့​သာ​ယာ​မှု​ပေး​တော်​မူ​ပါ​စေ​သော။

27. ထာ​ဝ​ရ​ဘု​ရား​က``ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး ပေး​ရန် ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို​လျှင် ငါ သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 6