ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 6:17-21 Common Language Bible (BCL)

17. သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။-

18. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​တဲ​တော်​တံ​ခါး​ဝ တွင် မိ​မိ​၏​ဆံ​ပင်​ကို​ရိတ်​၍ မိတ်​သ​ဟာ​ယ ယဇ်​မီး​ရှို့​ရာ​မီး​ထဲ​တွင်​ထည့်​ရ​မည်။

19. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး သော​သိုး​ပ​ခုံး​သား​နှင့်​တ​ကွ မုန့်​တောင်း​ထဲ မှ​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ပြား​ကို နာ​ဇ​ရိ ဂိုဏ်း​ဝင်​၏​လက်​ထဲ​သို့​ထည့်​ရ​မည်။-

20. ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​များ အ​ပြင်​ပ​ညတ်​တော်​အ​ရ ယဇ်​ပု​ရော​ဟိတ် ပိုင်​သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ ဖြစ်​သည်။ သို့​ပြီး​မှ​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည် စ​ပျစ်​ရည်​ကို​သောက်​နိုင်​သည်။

21. ဤ​ပ​ညတ်​များ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့ အ​တွက် ပြ​ဋ္ဌာန်း​ထား​သည့်​ပ​ညတ်​များ​ဖြစ် သည်။ သို့​ရာ​တွင်​လူ​တစ်​ဦး​သည်​နာ​ဇ​ရိ ဂိုဏ်း​ဝင်​ဖြစ်​ရန်​အ​တွက် အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ရန်​လို အပ်​သည်​ထက်​ပို​၍​ပြု​ခဲ့​သော် ထို​အ​ဋ္ဌိ​ဋ္ဌာန် အ​တိုင်း​ဆောင်​ရွက်​စေ​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 6