10. အဋ္ဌမနေ့တွင်သူသည်ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော် မူရာတဲတော်တံခါးဝရှိယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။-
11. သူသည်လူသေကောင်နှင့်တွေ့ထိ၍ညစ်ညမ်း သွားသဖြင့် ယဇ်ပုရောဟိတ်သည်သူ့အတွက် သန့်စင်ခြင်းဝတ်ပြုရန် ငှက်တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်လည်းကောင်း၊ ကျန်ငှက်တစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်းပူဇော်ရမည်။ ထိုနေ့တွင်သူ၏ ဆံပင်ကို ထာဝရဘုရားအားပြန်လည် ဆက်ကပ်ရမည်။-
12. နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။
13-14. နာဇရိဂိုဏ်းဝင်သည်အဋ္ဌိဋ္ဌာန်ကာလကုန် ဆုံးသောအခါ ပြုရမည့်ဝတ်ကားဤသို့ တည်း။ သူသည်မီးရှို့ရာယဇ်အတွက် အပြစ် အနာကင်းသောတစ်နှစ်သားသိုးထီးက လေးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာကင်းသောသိုးအမတစ်ကောင်နှင့် မိတ်သဟာယယဇ်အတွက်အပြစ်အနာ ကင်းသောသိုးထီးတစ်ကောင်ကို ထာဝရ ဘုရားအားဆက်သရန် တဲတော်တံခါးဝ သို့ယူဆောင်ခဲ့ရမည်။-
15. သံလွင်ဆီနှင့်မုန့်ညက်ရော၍ပြုလုပ်သော တဆေးမဲ့မုန့်လုံးများနှင့် သံလွင်ဆီသုတ် သောတဆေးမဲ့မုန့်ပြားများပါရှိသည့် မုန့်တောင်းကိုလည်းဆက်သရမည်။ ထို့ အပြင်ဘောဇဉ်သကာနှင့် စပျစ်ရည် သကာတို့ကိုလည်းဆက်သရမည်။
16. ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာအားလုံး ကိုထာဝရဘုရားထံဆက်သ၍ အပြစ်ဖြေ ရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော်ရမည်။-
17. သူသည်မိတ်သဟာယယဇ်အဖြစ်သိုးထီး ကိုပူဇော်သောအခါ မုန့်တောင်းကိုလည်း ဆက်သရမည်။ တစ်ချိန်တည်းတွင်ဘောဇဉ် သကာနှင့် စပျစ်ရည်သကာတို့ကိုလည်း ဆက်သရမည်။-
18. နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။
19. ထိုနောက်ယဇ်ပုရောဟိတ်သည်ပြုတ်ပြီး သောသိုးပခုံးသားနှင့်တကွ မုန့်တောင်းထဲ မှမုန့်တစ်လုံး၊ မုန့်ပြားတစ်ပြားကို နာဇရိ ဂိုဏ်းဝင်၏လက်ထဲသို့ထည့်ရမည်။-
20. ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
21. ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။
22-23. အာရုန်နှင့်သူ၏သားတို့ဣသရေလအမျိုး သားတို့အားအောက်ပါအတိုင်း ကောင်းချီးမင်္ဂ လာပေးစေရန်ထာဝရဘုရားသည်မောရှေ မှတစ်ဆင့်မိန့်မှာတော်မူ၏။
24. ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။
25. ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။
26. ထာဝရဘုရားသည်သင်တို့အားကြင်နာ စွာမျှော်ကြည့်၍ ချမ်းမြေ့သာယာမှုပေးတော်မူပါစေသော။