ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 6:1-18 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-

2. ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့်​အ​ထူး​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​၍ မိ​မိ ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​လျှင်၊-

3. ထို​သူ​သည်​သေ​ရည်​သေ​ရက်​ကို​ရှောင်​ကြဉ်​ရ မည်။ သူ​သည်​စ​ပျစ်​ရည်​ကို​မ​သောက်​ရ၊ စ​ပျစ် သီး​စိမ်း​သို့​မ​ဟုတ်​စ​ပျစ်​ခြောက်​ကို​မ​စား ရ။-

4. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​ဖြင့်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​စ​ပျစ်​သီး​စေ့၊ စ​ပျစ် သီး​ခွံ​မှ​စ​၍​စ​ပျစ်​ပင်​မှ​ရ​သ​မျှ​ကို​မ စား​ရ။

5. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။-

6-7. သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-

8. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။

9. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တစ်​ယောက်​၏​အ​နီး​တွင် တစ် စုံ​တစ်​ယောက်​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သည်​ရှိ သော် သူ​၏​ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည် ညစ် ညမ်း​သွား​လိမ့်​မည်။ ယင်း​သို့​ဖြစ်​လျှင်​သူ​သည် ခု​နစ်​ရက်​စောင့်​ဆိုင်း​၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​မွေး ကို​ရိတ်​ရ​မည်။ ထို​အ​ခါ​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-

10. အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည်​ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​ရှိ​ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

11. သူ​သည်​လူ​သေ​ကောင်​နှင့်​တွေ့​ထိ​၍​ညစ်​ညမ်း သွား​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ပြု​ရန် ငှက်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း​ကောင်း၊ ကျန်​ငှက်​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း​ပူ​ဇော်​ရ​မည်။ ထို​နေ့​တွင်​သူ​၏ ဆံ​ပင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လည် ဆက်​ကပ်​ရ​မည်။-

12. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် မိ​မိ​ကိုယ်​ကို​အ​သစ် တစ်​ဖန်​ဆက်​ကပ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည်​ညစ်​ညမ်း​သွား သော​ကြောင့် ယ​ခင်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​သည်​ပျက် ပြယ်​ပြီ​ဖြစ်​၏။ သူ​သည်​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ် ပူ​ဇော်​ရန် တစ်​နှစ်​သား​သိုး​က​လေး​ကို​ယူ ခဲ့​ရ​မည်။

13-14. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​ကုန် ဆုံး​သော​အ​ခါ ပြု​ရ​မည့်​ဝတ်​ကား​ဤ​သို့ တည်း။ သူ​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ပြစ် အ​နာ​ကင်း​သော​တစ်​နှစ်​သား​သိုး​ထီး​က လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​အ​မ​တစ်​ကောင်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ ကင်း​သော​သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရန် တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

15. သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု​လုပ်​သော တ​ဆေး​မဲ့​မုန့်​လုံး​များ​နှင့် သံ​လွင်​ဆီ​သုတ် သော​တ​ဆေး​မဲ့​မုန့်​ပြား​များ​ပါ​ရှိ​သည့် မုန့်​တောင်း​ကို​လည်း​ဆက်​သ​ရ​မည်။ ထို့ အ​ပြင်​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည် သကာ​တို့​ကို​လည်း​ဆက်​သ​ရ​မည်။

16. ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​အား​လုံး ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​သ​၍ အ​ပြစ်​ဖြေ ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​မည်။-

17. သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။-

18. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​တဲ​တော်​တံ​ခါး​ဝ တွင် မိ​မိ​၏​ဆံ​ပင်​ကို​ရိတ်​၍ မိတ်​သ​ဟာ​ယ ယဇ်​မီး​ရှို့​ရာ​မီး​ထဲ​တွင်​ထည့်​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 6