ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 4:1-17 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊

2. ``လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု​တွင်၊

3. အ​သက်​သုံး​ဆယ်​မှ​ငါး​ဆယ်​အ​ထိ​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင် အ​မှု​တော် ဆောင်​နိုင်​မည့်​အ​မျိုး​သား​အား​လုံး​တို့​ကို ဘိုး​ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​လော့။-

4. သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ နှင့်​စပ်​လျဉ်း​သည့်​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ စ​ခန်း သိမ်း​ချိန်​ရောက်​လျှင်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှေ့​တွင်​ရှိ​သော​ကန့်​လန့်​ကာ​ကို​ဖြုတ် ပြီး​လျှင်​၎င်း​နှင့်​သေတ္တာ​တော်​ကို​အုပ်​ရ​မည်။-

6. ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။

7. ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​တင်​လှူ​၍ ပူ​ဇော် သော​စား​ပွဲ​တော်​ပေါ်​တွင်​အ​ပြာ​ထည်​ကို ဖြန့်​ခင်း​၍​လင်​ပန်း​များ၊ နံ့​သာ​ပေါင်း​ခွက် များ၊ ဖ​လား​များ၊ စ​ပျစ်​ရည်​ခ​ရား​များ ကို​တင်​ရ​မည်။ တင်​လှူ​ပူ​ဇော်​သော​မုန့်​ကို လည်း​စား​ပွဲ​တော်​ပေါ်​တွင်​အ​မြဲ​ရှိ​စေ​ရ မည်။-

8. ထို​ပစ္စည်း​များ​အား​လုံး​တို့​ကို​အ​နီ​ထည် ဖြင့်​ဖုံး​အုပ်​၍ ထို​အ​နီ​ထည်​ပေါ်​တွင်​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။ ထို နောက်​ထမ်း​ပိုး​များ​ကို​ကွင်း​များ​တွင် လျှို​ထား​ရ​မည်။

9. မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​မီး​ခွက်​များ၊ မီး​ညှပ် များ၊ မီး​ခံ​ခွက်​များ​နှင့်​သံ​လွင်​ဆီ​ခွက်​စ သည်​တို့​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။-

10. မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး​တို့​ကို နူး​ညံ့​သော​သား​ရေ​ထည်​ဖြင့်​ထုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။

11. ရွှေ​ယဇ်​ပလ္လင်​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​ပြီး​လျှင် အ​ပြာ​ထည်​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ထည်​ဖြင့်​အုပ်​ထား​ရ​မည်။ ထို​နောက်​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-

12. သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​တွင်​အ​သုံး​ပြု သော​ခွက်​ယောက်​အား​လုံး​ကို​အ​ပြာ​ထည် ဖြင့်​ထုပ်​၍ အ​ပြာ​ထည်​အ​ပေါ်​၌​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။-

13. ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။-

14. ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-

15. စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။

16. ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ သည်​တဲ​တော်​အ​တွက်​လည်း​ကောင်း၊ မီး​ခွက် ဆီ၊ နံ့​သာ​ပေါင်း၊ ဘော​ဇဉ်​သ​ကာ၊ ဘိ​သိက် ဆီ​မှ​စ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ထား​သော​တဲ​တော်​ပစ္စည်း​ရှိ​သ​မျှ​ကို​လည်း ကောင်း​တာ​ဝန်​ယူ​ရ​မည်။

17. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 4