10-11. ထို့ကြောင့်ဇလောဖဒ်၏သမီးများဖြစ်ကြ သောမာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလကာ နှင့်နောအာတို့သည် မောရှေအားထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းမိမိတို့ ၏အစ်ကိုဝမ်းကွဲများနှင့်စုံဖက်ကြ၏။-
12. သူတို့သည်ယောသပ်၏သားမနာရှေအနွယ် ဝင်တို့နှင့်စုံဖက်ကြသဖြင့် သူတို့အမွေခံ ရသောမြေသည်ဖခင်၏အနွယ်လက်ဝယ် ဆက်လက်တည်ရှိလေသည်။
13. ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။