ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 36:1-5 Common Language Bible (BCL)

1. ယော​သပ်​၏​မြစ်၊ မ​နာ​ရှေ​၏​မြေး၊ မာ​ခိ​ရ​၏ သား​ဂိ​လဒ်​သား​ချင်း​စု​မှ​အိမ်​ထောင်​ဦး​စီး တို့​သည် မော​ရှေ​နှင့်​အ​ခြား​ခေါင်း​ဆောင်​တို့ ထံ​သို့​လာ​၍၊-

2. ``ခါ​နာန်​ပြည်​ကို​စာ​ရေး​တံ​ချ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ကိုယ်​တော်​အား​မိန့်​မှာ​တော်​မူ​ပါ သည်။ အ​ကျွန်ုပ်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဇ​လော ဖဒ်​၏​အ​မွေ​ကို​လည်း သူ​၏​သ​မီး​တို့​အား ဆက်​ခံ​စေ​ရန်​မိန့်​မှာ​တော်​မူ​ပါ​သည်။-

3. သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​တို့​သည်​အ​ခြား အ​နွယ်​ဝင်​အ​မျိုး​သား​တို့​နှင့်​စုံ​ဖက်​လျှင် သူ​တို့ ၏​အ​မွေ​မြေ​သည်​ထို​အ​မျိုး​သား​အ​နွယ်​လက် ထဲ​သို့​ရောက်​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အ​တွက်​ခွဲ ဝေ​ပေး​သော​နယ်​မြေ​သည်​လျော့​နည်း​လာ​ပါ လိမ့်​မည်။-

4. ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။

5. ထို​အ​ခါ​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​လေ​၏။ မော​ရှေ​က``မ​နာ ရှေ​၏​အ​နွယ်​ဝင်​တို့​လျှောက်​ထား​ချက်​သည် မှန်​ကန်​သ​ဖြင့်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 36