ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 35:7-26 Common Language Bible (BCL)

7. သို့​ဖြစ်​၍​စား​ကျက်​မြေ​အ​ပါ​အ​ဝင်​စု​စု ပေါင်း လေး​ဆယ့်​ရှစ်​မြို့​ကို​သူ​တို့​အား​ပေး​ရ​မည်။-

8. ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

9. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-

10. ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော​အ​ခါ၊-

11. ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး အား​သတ်​မိ​သူ​သည် ထွက်​ပြေး​ခို​လှုံ​နိုင်​သည့် မြို့​များ​ကို​ရွေး​ချယ်​သတ်​မှတ်​ရ​မည်။-

12. ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-

13-14. ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​သုံး​မြို့၊ ခါ​နာန် ပြည်​ထဲ​တွင်​သုံး​မြို့၊ စု​စု​ပေါင်း​ခြောက်​မြို့​ကို ရွေး​ချယ်​လော့။-

15. ထို​မြို့​များ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​များ အ​တွက်​လည်း​ကောင်း၊ အ​မြဲ​ဖြစ်​စေ၊ ခေတ္တ​ဖြစ် စေ​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​အ​တွက် လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​ဖြစ်​ရ​မည်။ ကြို တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး​အား သတ်​မိ​သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ထွက်​ပြေး​ခို​လှုံ​နိုင်​သည်။

16-18. ``သို့​ရာ​တွင်​သံ၊ ကျောက်၊ သစ်​သား​လက်​နက်​တစ် ခု​ခု​ဖြင့် လူ​တစ်​ဦး​အား​သတ်​သူ​သည်​လူ​သတ် မှု​ကို​ကူး​လွန်​သ​ဖြင့်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​စေ​ရ​မည်။-

19. သေ​ဆုံး​သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို တွေ့​လျှင်​သတ်​ရ​မည်။

20. ``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊-

21. လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။

22. ``သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး ခြင်း​မ​ရှိ​ဘဲ​နှင့်​တွန်း​ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​၍​သော်​လည်း​ကောင်း အ​မှတ်​မ​ထင်​သတ်​မိ​လျှင်​ဖြစ်​စေ၊-

23. မိ​မိ​ရန်​သူ​မ​ဟုတ်​သူ​ကို​ထိ​ခိုက်​စေ​လို​သော ဆန္ဒ​မ​ရှိ​ဘဲ​နှင့်​ကျောက်​ခဲ​ဖြင့် အ​မှတ်​တ​မဲ့ ပစ်​မိ​သော​ကြောင့်​ထို​သူ​သေ​ဆုံး​ရ​လျှင် ဖြစ်​စေ၊-

24. လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဋ္ဌမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။-

25. လူ​ပ​ရိ​သတ်​သည်​လူ​သတ်​မှု​ကူး​လွန်​သူ အား​သေ​ဆုံး​သူ​၏​ဆွေ​မျိုး​တော်​စပ်​သူ​လက် မှ​ကယ်​တင်​၍ သူ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သော​မြို့ သို့​ပြန်​ပို့​ရ​မည်။ သူ​သည်​ထို​စဉ်​က​အ​မှု​ထမ်း နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ​ရောက်​သည် အ​ထိ​ထို​မြို့​တွင်​နေ​ထိုင်​ရ​မည်။-

26. အ​ကယ်​၍​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ခို​လှုံ​ရာ​မြို့​ပြင်​သို့​ထွက်​သ​ဖြင့်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 35