23. မိမိရန်သူမဟုတ်သူကိုထိခိုက်စေလိုသော ဆန္ဒမရှိဘဲနှင့်ကျောက်ခဲဖြင့် အမှတ်တမဲ့ ပစ်မိသောကြောင့်ထိုသူသေဆုံးရလျှင် ဖြစ်စေ၊-
24. လူပရိတ်သတ်ကလူသတ်မှုကူးလွန်သူ နှင့် သေဆုံးသူ၏အနီးဆုံးသွေးတော်စပ် သူတို့အကြားတရားဋ္ဌမ္မသတ်အတိုင်း စီရင်ရမည်။-
25. လူပရိသတ်သည်လူသတ်မှုကူးလွန်သူ အားသေဆုံးသူ၏ဆွေမျိုးတော်စပ်သူလက် မှကယ်တင်၍ သူထွက်ပြေးခိုလှုံခဲ့သောမြို့ သို့ပြန်ပို့ရမည်။ သူသည်ထိုစဉ်ကအမှုထမ်း နေဆဲယဇ်ပုရောဟိတ်မင်းအနိစ္စရောက်သည် အထိထိုမြို့တွင်နေထိုင်ရမည်။-
26. အကယ်၍လူသတ်မှုကူးလွန်သူသည် ခိုလှုံရာမြို့ပြင်သို့ထွက်သဖြင့်၊-
27. သေဆုံးသူနှင့်သွေးတော်စပ်သူကတွေ့၍ သူ့ အားလက်စားချေသတ်ပစ်လျှင်ဤလက်စား ချေခြင်းသည်လူသတ်မှုမဟုတ်။-
28. သို့ရာတွင်လူသတ်မှုကူးလွန်သူသည် ထိုစဉ် ကအမှုထမ်းနေဆဲယဇ်ပုရောဟိတ်မင်း အနိစ္စရောက်သည်တိုင်အောင်သူခိုလှုံရာမြို့ တွင်နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းအနိစ္စ ရောက်ပြီးနောက် သူသည်မိမိ၏နေရပ်သို့ ပြန်နိုင်သည်။-
29. သင်တို့သည်မည်သည့်အရပ်၌နေထိုင်သည် မဆို ဤပညတ်များကိုထာဝစဉ်စောင့်ထိန်း ကြရမည်။
30. ``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
31. လူသတ်မှုကူးလွန်သူအားသေဒဏ်ပေး ရမည်။ ထိုသူသည်အသက်ဖိုးငွေပေး၍ သေဒဏ်မှလွတ်ငြိမ်းခွင့်မရှိစေရ။-
32. ခိုလှုံရာမြို့သို့ပြေးဝင်သူသည်ယဇ်ပုရော ဟိတ်မင်းအနိစ္စမရောက်မီ မိမိနေရပ်သို့ ပြန်ရန်အတွက်ငွေပေးလျှင်လက်မခံရ။-
33. ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
34. ငါသည်ထာဝရဘုရားဖြစ်၍ ဣသရေလ အမျိုးသားတို့တွင်ကျိန်းဝပ်တော်မူသဖြင့် ပြည်တော်ကိုမညစ်ညမ်းစေရ'' ဟုမိန့် တော်မူ၏။