ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 35:1-13-14 Common Language Bible (BCL)

1. ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊-

2. ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-

3. ဤ​မြို့​များ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက် ဖြစ်​၍ သူ​တို့​သည်​ထို​မြို့​များ​တွင်​နေ​ထိုင်​ရ ကြ​မည်။ စား​ကျက်​မြေ​သည်​သူ​တို့​၏​နွား များ​နှင့်​အ​ခြား​တိ​ရစ္ဆာန်​တို့​အ​တွက်​ဖြစ် သည်။-

4. စား​ကျက်​မြေ​သည်​မြို့​ရိုး​မျက်​နှာ​လေး​ဘက်​မှ အ​ပြင်​သို့​ကိုက်​ငါး​ရာ​အ​ထိ​ကျယ်​ပြန့်​စေ ရ​မည်။-

5. ပတ်​လည်​စား​ကျက်​မြေ​သည် ထို​မြို့​ကို​ဗ​ဟို ပြု​ကာ​အ​နံ​အ​လျား​ကိုက်​တစ်​ထောင်​စီ​ရှိ ရ​မည်။-

6. လူ​တစ်​ဦး​အား​ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ ဘဲ​နှင့် သတ်​မိ​သူ​ထွက်​ပြေး​၍​ခို​လှုံ​နိုင်​ရန် မြို့​ခြောက်​မြို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ပေး​ရ​မည်။ ထို့​အ​ပြင်​အ​ခြား​မြို့​လေး​ဆယ့် နှစ်​မြို့​တို့​ကို​လည်း​သူ​တို့​အား​ပေး​ရ​မည်။-

7. သို့​ဖြစ်​၍​စား​ကျက်​မြေ​အ​ပါ​အ​ဝင်​စု​စု ပေါင်း လေး​ဆယ့်​ရှစ်​မြို့​ကို​သူ​တို့​အား​ပေး​ရ​မည်။-

8. ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

9. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-

10. ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော​အ​ခါ၊-

11. ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး အား​သတ်​မိ​သူ​သည် ထွက်​ပြေး​ခို​လှုံ​နိုင်​သည့် မြို့​များ​ကို​ရွေး​ချယ်​သတ်​မှတ်​ရ​မည်။-

12. ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-

13-14. ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​သုံး​မြို့၊ ခါ​နာန် ပြည်​ထဲ​တွင်​သုံး​မြို့၊ စု​စု​ပေါင်း​ခြောက်​မြို့​ကို ရွေး​ချယ်​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 35