21. သင်တို့၏တပ်သားအပေါင်းတို့သည်ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးလျှင် ထာဝရဘုရား၏ အမိန့်ကိုနာခံလျက် ငါတို့၏ရန်သူများကို တိုက်ခိုက်ချေမှုန်း၍၊-
22. တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။-
23. သို့ရာတွင်သင်တို့သည်ကတိမတည်လျှင် ထာဝရဘုရားအားပြစ်မှားရာရောက်လိမ့် မည်။ ထိုအခါသင်တို့သည်အပြစ်ဒဏ်ကို မုချခံကြရမည်။-
24. သင်တို့မြို့များနှင့်သိုးခြံများကိုတည် ဆောက်ကြလော့။ သို့ရာတွင်သင်တို့ကတိ ကိုမဖျက်ကြနှင့်'' ဟုသတိပေးလေ၏။
25. ထိုအခါဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ် ဝင်တို့က``ကိုယ်တော်မိန့်မှာသည်အတိုင်း အကျွန်ုပ်ဆောင်ရွက်ပါမည်။-
26. အကျွန်ုပ်တို့၏ဇနီးနှင့်သားသမီးများ၊ သိုး၊ ဆိတ်၊ နွားများသည်ဤအရပ်ရှိဂိလဒ် မြို့များတွင်နေရစ်ကြပါမည်။-
27. အကျွန်ုပ်တို့မူကားထာဝရဘုရား၏အမိန့် ကိုနာခံလျက် စစ်ချီတက်ရန်အသင့်ရှိနေ ကြပါသည်။ ကိုယ်တော်မိန့်မှာသည့်အတိုင်း အကျွန်ုပ်တို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ရန်သူများကိုတိုက်ခိုက်ပါမည်'' ဟူ၍ မောရှေအားကတိပေးကြ၏။
28. ထို့ကြောင့်မောရှေကဧလာဇာ၊ ယောရှုနှင့် အခြားသောဣသရေလခေါင်းဆောင်တို့ အား၊-
29. ``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
30. သို့ရာတွင်သူတို့သည်သင်တို့နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်ကူး၍စစ်ချီတိုက်ခိုက် ခြင်းမပြုကြလျှင် သင်တို့နည်းတူခါနာန် ပြည်ထဲ၌သာသူတို့ဝေစုကိုရစေရမည်'' ဟုအမိန့်ပေးလေ၏။