ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 32:18-29 Common Language Bible (BCL)

18. အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့ သည် မိ​မိ​တို့​နေ​ထိုင်​ရ​မည့်​ပြည်​ကို​အ​ပိုင် မ​ရ​မ​ချင်း​အ​ကျွန်ုပ်​တို့​သည်​ကိုယ့်​အိမ် သို့​မ​ပြန်​ပါ။-

19. ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။

20. ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။-

21. သင်​တို့​၏​တပ်​သား​အ​ပေါင်း​တို့​သည်​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​ကို​နာ​ခံ​လျက် ငါ​တို့​၏​ရန်​သူ​များ​ကို တိုက်​ခိုက်​ချေ​မှုန်း​၍၊-

22. တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-

23. သို့​ရာ​တွင်​သင်​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ရာ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ကို မု​ချ​ခံ​ကြ​ရ​မည်။-

24. သင်​တို့​မြို့​များ​နှင့်​သိုး​ခြံ​များ​ကို​တည် ဆောက်​ကြ​လော့။ သို့​ရာ​တွင်​သင်​တို့​က​တိ ကို​မ​ဖျက်​ကြ​နှင့်'' ဟု​သတိ​ပေး​လေ​၏။

25. ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။-

26. အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။-

27. အ​ကျွန်ုပ်​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် ကို​နာ​ခံ​လျက် စစ်​ချီ​တက်​ရန်​အ​သင့်​ရှိ​နေ ကြ​ပါ​သည်။ ကိုယ်​တော်​မိန့်​မှာ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​ရန်​သူ​များ​ကို​တိုက်​ခိုက်​ပါ​မည်'' ဟူ​၍ မော​ရှေ​အား​က​တိ​ပေး​ကြ​၏။

28. ထို့​ကြောင့်​မော​ရှေ​က​ဧ​လာ​ဇာ၊ ယော​ရှု​နှင့် အ​ခြား​သော​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့ အား၊-

29. ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 32