ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 32:1-12 Common Language Bible (BCL)

1. ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-

2. သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊-

3-4. ``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-

5. သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။

6. ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။-

7. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။-

8. ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ထို ပြည်​ကို​ထောက်​လှမ်း​ရန် ကာ​ဒေ​ရှ​အ​ရပ်​မှ စေ​လွှတ်​စဉ်​အ​ခါ​က သူ​တို့​သည်​လူ​တို့​ကို စိတ်​ပျက်​အား​လျော့​စေ​ခဲ့​ကြ​၏။-

9. သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-

10. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊-

11. `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-

12. ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 32