ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 31:6-15 Common Language Bible (BCL)

6. ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​အား​ဣ​သ​ရေ​လ​တပ်​ကို အုပ်​ချုပ်​ကွပ်​ကဲ​စေ​၏။ သူ​နှင့်​အ​တူ​တဲ​တော် နှင့်​ဆိုင်​သော​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​နှင့် အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​များ​ကို​ယူ​ဆောင် သွား​၏။-

7. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊-

8. မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။

9. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-

10. သူ​တို့​၏​မြို့​နှင့်​စ​ခန်း​ရှိ​သ​မျှ​တို့​ကို လည်း​မီး​ရှို့​ဖျက်​ဆီး​ပစ်​ကြ​၏။-

11. သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊-

12. ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​ယူ​ဆောင်​ခဲ့​ကြ​လေ​သည်။

13. မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စ​ခန်း​အ​ပြင်​သို့ ထွက်​၍​တပ်​သား​များ​ကို​ဆီး​ကြို​ကြ​၏။-

14. သို့​ရာ​တွင်​မော​ရှေ​သည်​တိုက်​ပွဲ​ပြန်​တပ် ရင်း​မှူး၊ တပ်​ခွဲ​မှူး​စ​သော​အ​ရာ​ရှိ​တို့ ကို​အ​မျက်​ထွက်​၍၊-

15. ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 31