ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 31:27-42-46 Common Language Bible (BCL)

27. ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။-

28. စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-

29. ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။-

30. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

31. မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက် ကြ​လေ​သည်။

32-35. စစ်​သည်​တို့​ကိုယ်​ပိုင်​အ​တွက်​သိမ်း​ထား​သော ပစ္စည်း​များ​အ​ပြင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော တိရစ္ဆာန်​နှင့်​လူ​အ​ရေ​အ​တွက်​စာ​ရင်း​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ခြောက်​သိန်း​ခု​နစ်​သောင်း ငါး​ထောင်၊ နွား​ကောင်​ရေ​ခု​နစ်​သောင်း​နှစ်​ထောင်၊ မြည်း​ကောင်​ရေ​ခြောက်​သောင်း​တစ်​ထောင်​နှင့် အ​ပျို​က​ညာ​ဦး​ရေ​သုံး​သောင်း​နှစ်​ထောင် ယောက်​ဖြစ်​သည်။-

36-40. စစ်​သည်​တို့​အ​တွက်​ထက်​ဝက်​ဝေ​စု​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ပေါင်း​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန်​ကောင်​ရေ​မှာ ခြောက်​ရာ့​ခု​နစ်​ဆယ့်​ငါး ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​နွား​ကောင် ရေ​သုံး​သောင်း​ခြောက်​ထောင်​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘုရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန် ကောင်​ရေ​မှာ​ခု​နစ်​ဆယ့်​နှစ်​ကောင်​ဖြစ် သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​မှာ​မြည်း ကောင်​ရေ​သုံး​သောင်း​ငါး​ရာ​ဖြစ်​၍​၎င်း​တို့ အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​ဆက်​သ​ရန်​ကောင်​ရေ​မှာ​ခြောက်​ဆယ့် တစ်​ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု မှာ​အ​ပျို​က​ညာ​တစ်​သောင်း​ခြောက်​ထောင် ယောက်​ဖြစ်​၍ ၎င်း​တို့​အ​နက်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက်​သ​ရန်​အ​တွက် မှာ​သုံး​ဆယ့်​နှစ်​ယောက်​ဖြစ်​သည်။-

41. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ရန် အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဝေ​စု​ကို ဧ​လာ​ဇာ​အား​ပေး​အပ်​လေ​သည်။

42-46. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု သည်​လည်း စစ်​သည်​တို့​အ​တွက် ဝေ​စု​အ​တိုင်း သိုး​နှင့်​ဆိတ်​ကောင်​ရေ​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ၊ နွား​ကောင်​ရေ​သုံး​သောင်း ခြောက်​ထောင်၊ မြည်း​ကောင်​ရေ​သုံး​သောင်း​ငါး ရာ​နှင့်​အ​ပျို​က​ညာ​ဦး​ရေ​တစ်​သောင်း​ခြောက် ထောင်​ယောက်​ဖြစ်​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 31