21. ယဇ်ပုရောဟိတ်ဧလာဇာကလည်းတိုက်ပွဲပြန် စစ်သည်တို့အား``ထာဝရဘုရားကမောရှေ အားမိန့်ကြားတော်မူသောပညတ်များမှာ၊-
22-23. ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သံဖြူ၊ ခဲအစရှိသည့်မီး မလောင်ကျွမ်းနိုင်သောသတ္တုပစ္စည်းရှိသမျှ အားမီးကိုဖြတ်သန်းစေခြင်းဖြင့်သန့်စင်စေ ရမည်။ အခြားသံဝတ္ထုပစ္စည်းများကိုသန့်စင် ခြင်းဝတ်ပြုရာရေဖြင့်သန့်စင်စေရမည်။-
24. သတ္တမနေ့တွင်သင်တို့၏အဝတ်အင်္ကျီ များကိုဖွပ်လျှော်ရမည်။ ထိုနောက်သင်တို့ သည်သန့်စင်ပြီဖြစ်သဖြင့် စခန်းအတွင်း သို့ပြန်လည်ဝင်ရောက်နိုင်သည်ဟူ၍ဖြစ် သည်'' ဟုဆိုလေ၏။
25. ထာဝရဘုရားသည်မောရှေအား၊
26. ``သင်နှင့်ဧလာဇာတို့သည်ဣသရေလ အမျိုးသားအကြီးအကဲတို့နှင့်အတူ သုံ့ပန်းနှင့်တိရစ္ဆာန်များအပါအဝင် လက်ရသိမ်းဆည်းခဲ့သောပစ္စည်းရှိသမျှ ကိုရေတွက်ရမည်။-
27. ထိုပစ္စည်းများကိုထက်ဝက်စီအညီအမျှ ခွဲပြီးလျှင် တစ်ဝက်ကိုစစ်သည်တို့အားပေး ၍ တစ်ဝက်ကိုကျန်သောဣသရေလအမျိုး သားတို့အားပေးရမည်။-
28. စစ်သည်တို့အတွက်ဝေစုထဲမှသုံ့ပန်းငါးရာ လျှင် တစ်ယောက်ကျဖြင့်လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်းထိုအချိုးကျဖြင့် လည်းကောင်း ထာဝရဘုရားအတွက်အခွန် အဖြစ်သီးသန့်ထားရမည်။-
29. ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
30. ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
31. မောရှေနှင့်ဧလာဇာတို့သည် ထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းဆောင်ရွက် ကြလေသည်။
32-35. စစ်သည်တို့ကိုယ်ပိုင်အတွက်သိမ်းထားသော ပစ္စည်းများအပြင် လက်ရသိမ်းဆည်းခဲ့သော တိရစ္ဆာန်နှင့်လူအရေအတွက်စာရင်းမှာ သိုး နှင့်ဆိတ်ကောင်ရေခြောက်သိန်းခုနစ်သောင်း ငါးထောင်၊ နွားကောင်ရေခုနစ်သောင်းနှစ်ထောင်၊ မြည်းကောင်ရေခြောက်သောင်းတစ်ထောင်နှင့် အပျိုကညာဦးရေသုံးသောင်းနှစ်ထောင် ယောက်ဖြစ်သည်။-