ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 31:20-24 Common Language Bible (BCL)

20. သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။

21. ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​က​လည်း​တိုက်​ပွဲ​ပြန် စစ်​သည်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​ကြား​တော်​မူ​သော​ပ​ညတ်​များ​မှာ၊-

22-23. ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-

24. သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 31