ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 31:13-32-35 Common Language Bible (BCL)

13. မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စ​ခန်း​အ​ပြင်​သို့ ထွက်​၍​တပ်​သား​များ​ကို​ဆီး​ကြို​ကြ​၏။-

14. သို့​ရာ​တွင်​မော​ရှေ​သည်​တိုက်​ပွဲ​ပြန်​တပ် ရင်း​မှူး၊ တပ်​ခွဲ​မှူး​စ​သော​အ​ရာ​ရှိ​တို့ ကို​အ​မျက်​ထွက်​၍၊-

15. ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။-

16. ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-

17. သို့​ဖြစ်​၍​ယောကျာ်း​က​လေး​များ​နှင့် ယောကျာ်း နှင့်​ဆက်​ဆံ​ဖူး​သော​မိန်း​မ​ရှိ​သ​မျှ​တို့ ကို​သတ်​လော့။-

18. မိန်း​က​လေး​များ​နှင့်​အ​ပျို​က​ညာ​များ​ကို သင်​တို့​အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။-

19. သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-

20. သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။

21. ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​က​လည်း​တိုက်​ပွဲ​ပြန် စစ်​သည်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​ကြား​တော်​မူ​သော​ပ​ညတ်​များ​မှာ၊-

22-23. ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-

24. သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။

25. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊

26. ``သင်​နှင့်​ဧ​လာ​ဇာ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​များ​အ​ပါ​အ​ဝင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို​ရေ​တွက်​ရ​မည်။-

27. ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။-

28. စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-

29. ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။-

30. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

31. မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက် ကြ​လေ​သည်။

32-35. စစ်​သည်​တို့​ကိုယ်​ပိုင်​အ​တွက်​သိမ်း​ထား​သော ပစ္စည်း​များ​အ​ပြင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော တိရစ္ဆာန်​နှင့်​လူ​အ​ရေ​အ​တွက်​စာ​ရင်း​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ခြောက်​သိန်း​ခု​နစ်​သောင်း ငါး​ထောင်၊ နွား​ကောင်​ရေ​ခု​နစ်​သောင်း​နှစ်​ထောင်၊ မြည်း​ကောင်​ရေ​ခြောက်​သောင်း​တစ်​ထောင်​နှင့် အ​ပျို​က​ညာ​ဦး​ရေ​သုံး​သောင်း​နှစ်​ထောင် ယောက်​ဖြစ်​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 31