ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 30:7-15 Common Language Bible (BCL)

7. သူ​သည်​က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-

8. သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။

9. မု​ဆိုး​မ​ဖြစ်​စေ၊ လင်​ကွာ​မိန်း​မ​ဖြစ်​စေ မိ​မိ ပြု​ခဲ့​သ​မျှ​သော​က​တိ​သစ္စာ​ကို​တည်​စေ ရ​မည်။

10. လင်​ရှိ​မိန်း​မ​သည်​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ခဲ့​သော်​သူ​၏​ခင်​ပွန်း ကြား​၍​မ​တား​မြစ်​လျှင်၊-

11. သူ​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည်​စေ​ရ​မည်။-

12. သို့​ရာ​တွင်​သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​ပါ မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ခင်​ပွန်း​၏​တား​မြစ်​မှု​ကြောင့်​က​တိ​ပျက် ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။-

13. သူ​၏​ခင်​ပွန်း​သည်​သူ​ပြု​ခဲ့​သော​က​တိ သစ္စာ​ကို တည်​စေ​နိုင်​ခွင့်​နှင့်​ပယ်​ဖျက်​ပိုင်​ခွင့် ရှိ​၏။-

14. သို့​ရာ​တွင်​ခင်​ပွန်း​သည်​ဇ​နီး​၏​က​တိ​သစ္စာ အ​ကြောင်း​ကို​ကြား​ရ​သော​နေ့​၌​မ​တား​မြစ် လျှင် ဇ​နီး​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည် စေ​ရ​မည်။ ခင်​ပွန်း​သည်​ကြား​ရ​သော​နေ့​၌ မ​တား​မြစ်​သ​ဖြင့်​သ​ဘော​တူ​ရာ​ရောက် သည်။-

15. သူ​သည်​တစ်​ရက်​လွန်​ပြီး​မှ​ဇ​နီး​၏​က​တိ သစ္စာ​ကို​ပယ်​ဖျက်​လျှင် က​တိ​သစ္စာ​ပျက်​ခြင်း အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 30