အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 30 Common Language Bible (BCL)

သစ္စာ​ပြု​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ

1. မော​ရှေ​သည်​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သော​ပ​ညတ် များ​ကို ဣ​သ​ရေ​လ​အ​နွယ်​များ​ခေါင်း​ဆောင် တို့​အား​အောက်​ပါ​အ​တိုင်း​ညွှန်​ကြား​လေ သည်။-

2. တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန် က​တိ​ပြု​လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ တစ်​ရာ​ကို​ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော် လည်း​ကောင်း ထို​သစ္စာ​က​တိ​ကို​မ​ချိုး​ဖောက် ရ။ က​တိ​သစ္စာ​ပြု​ထား​သည့်​အ​တိုင်း​တစ် သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။

3. အ​ဖ​၏​အုပ်​ထိန်း​မှု​အောက်​တွင်​ရှိ​နေ​သေး သော​မိန်း​မ​ပျို​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန်​က​တိ​ပြု လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ​ကို ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော်​လည်း ကောင်း၊-

4. သူ​၏​ဖ​ခင်​ကြား​၍​မ​တား​မြစ်​လျှင် သူ​သည် က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-

5. သို့​ရာ​တွင်​သူ​၏​ဖ​ခင်​ကြား​၍​တား​မြစ်​ပါ​မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန်​မ လို။ ဖ​ခင်​၏​တားမြစ်​မှု​ကြောင့်​က​တိ​သစ္စာ​ပျက် ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။

6. အိမ်​ထောင်​မ​ကျ​သေး​သော​အ​မျိုး​သ​မီး​တစ် ဦး​သည် သိ​လျက်​နှင့်​သော်​လည်း​ကောင်း၊ အ​မှတ် တမဲ့​သော်​လည်း​ကောင်း​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ပြီး​နောက်​အိမ်​ထောင် ကျ​လျှင် သူ​၏​ခင်​ပွန်း​သည်​ကြား​၍​မ​တား မြစ်​သော်၊-

7. သူ​သည်​က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-

8. သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။

9. မု​ဆိုး​မ​ဖြစ်​စေ၊ လင်​ကွာ​မိန်း​မ​ဖြစ်​စေ မိ​မိ ပြု​ခဲ့​သ​မျှ​သော​က​တိ​သစ္စာ​ကို​တည်​စေ ရ​မည်။

10. လင်​ရှိ​မိန်း​မ​သည်​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ခဲ့​သော်​သူ​၏​ခင်​ပွန်း ကြား​၍​မ​တား​မြစ်​လျှင်၊-

11. သူ​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည်​စေ​ရ​မည်။-

12. သို့​ရာ​တွင်​သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​ပါ မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ခင်​ပွန်း​၏​တား​မြစ်​မှု​ကြောင့်​က​တိ​ပျက် ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။-

13. သူ​၏​ခင်​ပွန်း​သည်​သူ​ပြု​ခဲ့​သော​က​တိ သစ္စာ​ကို တည်​စေ​နိုင်​ခွင့်​နှင့်​ပယ်​ဖျက်​ပိုင်​ခွင့် ရှိ​၏။-

14. သို့​ရာ​တွင်​ခင်​ပွန်း​သည်​ဇ​နီး​၏​က​တိ​သစ္စာ အ​ကြောင်း​ကို​ကြား​ရ​သော​နေ့​၌​မ​တား​မြစ် လျှင် ဇ​နီး​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည် စေ​ရ​မည်။ ခင်​ပွန်း​သည်​ကြား​ရ​သော​နေ့​၌ မ​တား​မြစ်​သ​ဖြင့်​သ​ဘော​တူ​ရာ​ရောက် သည်။-

15. သူ​သည်​တစ်​ရက်​လွန်​ပြီး​မှ​ဇ​နီး​၏​က​တိ သစ္စာ​ကို​ပယ်​ဖျက်​လျှင် က​တိ​သစ္စာ​ပျက်​ခြင်း အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။

16. ဤ​ပ​ညတ်​များ​သည်​ကား​ဖ​ခင်​၏​အုပ်​ထိန်း မှု​အောက်​တွင် ရှိ​နေ​သေး​သော​မိန်း​မ​ပျို​နှင့် အိမ်​ထောင်​ကျ​ပြီး​သော​အ​မျိုး​သ​မီး​တို့ က​တိ​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သည့်​ပ​ညတ် များ​ဖြစ်​သ​တည်း။