ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 3:9-29 Common Language Bible (BCL)

9. လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​ဋ္ဌိ​က​တာ​ဝန် မှာ​အာ​ရုန်​နှင့် သူ​၏​သား​တို့​လက်​အောက်​၌ အ​မှု​ထမ်း​ခြင်း​ဖြစ်​သည်။-

10. သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။

11-13. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​၏​သား​ဦး​အား​လုံး​ကို​သေ ဒဏ်​ခတ်​စဉ်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​တိုင်း​မှ​သား​ဦး​နှင့်​တိ​ရစ္ဆာန်​သား ဦး​ပေါက်​တို့​ကို​ငါ့​အ​တွက်​ရွေး​ချယ်​ခဲ့​သည်။ ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​စား​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အ​တွက် ရွေး​ယူ​ပြီ။ သူ​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။

14. ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​တွင်၊-

15. လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​သူ​တိုင်း​ကို သား​ချင်း​စု​နှင့် မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ရန်​အ​မိန့် ရှိ​တော်​မူ​သည့်​အ​တိုင်း၊-

16. မော​ရှေ​လိုက်​နာ​ဆောင်​ရွက်​လေ​၏။-

17-20. လေ​ဝိ​တွင်​ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ ၍​သား​သုံး​ယောက်​ရှိ​၏။ သူ​တို့​သည်​မိ​မိ​တို့ နာ​မည်​ခံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​များ ဖြစ်​ကြ​သည်။ ဂေ​ရ​ရှုန်​တွင်​လိ​ဗ​နိ​နှင့်​ရှိ​မိ ဟူ​၍​သား​နှစ်​ယောက်၊ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား လေး​ယောက်၊ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့် မု​ရှိ ဟူ​၍​သား​နှစ်​ယောက်​အ​သီး​သီး​ရှိ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နာ​မည်​ခံ​မိ​သား​စု များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။

21. ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တွင်​လိ​ဗ​နိ​၏ မိ​သား​စု​နှင့်​ရှိ​မိ​၏​မိ​သား​စု​တို့​ပါ​ဝင်​၍၊-

22. အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ​သူ ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ​ခု​နစ်​ထောင့်​ငါး ရာ​ဖြစ်​သည်။-

23. ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​အ​နောက် ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-

24. သူ​တို့​၏​ခေါင်း​ဆောင်​မှာ​လေ​လ​၏​သား​ဧ​လျာ သပ်​ဖြစ်​သည်။-

25. သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊-

26. တဲ​တော်​ဝင်း​ကို​ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ များ​နှင့်​တဲ​တော်​ဝင်း​တံ​ခါး​ရှိ​ကန့်​လန့်​ကာ ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​ကြ​သည်။

27. ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊-

28. အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ သူ​ယောကျာ်း​ဦး​ရေ စု​စု​ပေါင်း​မှာ​ရှစ်​ထောင့် ခြောက်​ရာ​ဖြစ်​သည်။-

29. ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 3