ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 3:34-48 Common Language Bible (BCL)

34. အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက် ရှိ​သူ​ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ ခြောက်​ထောင့်​နှစ်​ရာ​ဖြစ်​သည်။-

35. ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။-

36. သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။-

37. သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။

38. မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​တဲ တော်​အ​ရှေ့​ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​မှု​ဆိုင်​ရာ​ကိစ္စ​အ​ဝ​ဝ​တို့ ကို​ဆောင်​ရွက်​ရ​သည်။ မ​ဆိုင်​သူ​က​ဝင်​ရောက် ဆောင်​ရွက်​လျှင်​ထို​သူ​အား​သေ​ဒဏ်​စီ​ရင် ရမည်။-

39. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည်​အ​သက်​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​လေ​ဝိ​အ​နွယ်​ဝင်​ယောကျာ်း တို့​ကို​သား​ချင်း​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရာ လူ​ဦး​ရေ​စု​စု​ပေါင်း​နှစ်​သောင်း​နှစ် ထောင်​ရ​ရှိ​လေ​သည်။

40-41. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​သည် ငါ​နှင့်​ဆိုင်​၏။ သို့​ဖြစ်​၍​အ​သက်​တစ်​လ​သား အ​ရွယ်​နှင့်​အ​ထက်​ရှိ​သား​ဦး​အား​လုံး​တို့ ၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။ သို့​ရာ တွင်​ထို​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ်​ရွေး ချယ်​မည့်​အ​စား​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရွေး​ချယ်​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ထို့​အ​ပြင်​သိုး​နွား​တိ​ရစ္ဆာန် သား​ဦး​ပေါက်​အား​လုံး​ကို​ငါ​ပိုင်​ဆိုင်​ရာ အ​ဖြစ်​ရွေး​ချယ်​မည့်​အ​စား​ငါ​သည်​လေ​ဝိ အ​နွယ်​ဝင်​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​ကို ငါ​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။-

42. မော​ရှေ​သည်​ထာ​ဝ​ရ​ဘုရား​၏​အ​မိန့်​တော် အ​တိုင်း၊-

43. အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ ကို​စာ​ရင်း​ကောက်​ယူ​ရာ​စု​စု​ပေါင်း​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ရှိ​၏။

44. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

45. ``ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား ဦး​အ​ပေါင်း​တို့​အ​စား​လေ​ဝိ​အ​မျိုး​သား တို့​ကို​ငါ့​အား​ဆက်​ကပ်​လော့။ လေ​ဝိ​အ​မျိုး သား​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက် တို့​ကို​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​တို့​အ​စား ငါ့​အား​ဆက်​ကပ်​လော့။-

46. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ရေ​အ​တွက်​သည်​လေ​ဝိ​အ​မျိုး​သား​ဦး ရေ​ထက်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ပို​သော ကြောင့်​ပို​များ​သော​ဦး​ရေ​ကို​ရွေး​ယူ​ရ​မည်။-

47. တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-

48. ထို​ငွေ​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့​လက်​သို့ ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 3