ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 29:30-31-39 Common Language Bible (BCL)

30-31. ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

32. သတ္တ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ် သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင် ကို​ပူ​ဇော်​ရ​မည်။-

33-34. ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သ​ကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

35. အ​ဋ္ဌ​မ​နေ့​တွင်​သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ရ မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-

36. အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

37-38. ထို့​ပြင်​ပထ​မ​နေ့​၌​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

39. ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကား​သတ်​မှတ်​ထား​သော ပွဲ​နေ့​များ​၌ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ မည့်​မီး​ရှို့​ရာ​သ​ကာ​များ၊ ဘော​ဇဉ်​သကာ​များ၊ စ​ပျစ်​ရည်​သကာ​များ​နှင့်​မိတ်​သ​ဟာ​ယ​သကာ များ​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။ ဤ​သကာ​များ​သည်​က​တိ​ဝတ်​ဖြည့်​သော​သကာ၊ စေ​တ​နာ​အ​လျောက်​ဆက်​သ​သော​သကာ​များ အ​ပြင်​ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​သော​သကာ များ​ဖြစ်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 29