26. ပဉ္စမနေ့တွင်အပြစ်အနာကင်းသောနွားပျို ကိုးကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။-
27-28. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
29. ဆဋ္ဌမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုရှစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
30-31. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
32. သတ္တမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုခုနစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ် သားအရွယ်သိုးထီးတစ်ဆယ့်လေးကောင် ကိုပူဇော်ရမည်။-
33-34. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
35. အဋ္ဌမနေ့တွင်သင်တို့သည်စုဝေးဝတ်ပြုရ မည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
36. အပြစ်အနာကင်းသောနွားပျိုတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
37-38. ထို့ပြင်ပထမနေ့၌ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
39. ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။
40. သို့ဖြစ်၍မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှကို ဣသရေလအမျိုး သားတို့အားကြားပြောလေ၏။