ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 29:1-13 Common Language Bible (BCL)

1. သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-

2. ထာ​ဝ​ရ​ဘုရား​အား​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့် တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ် မီး​ရှို့​ပူ​ဇော်​ရ​မည်။-

3. မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊-

4. သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

5. ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု ဝတ်​ကို​ပြု​ရ​မည်။-

6. လ​စဉ်​လ​ဆန်း​တစ်​ရက်​နေ့​တွင်​ပူ​ဇော်​သည့် မီး​ရှို့​ရာ​သ​ကာ၊ ၎င်း​နှင့်​တွဲ​ဖက်​သော​ဘော​ဇဉ် သကာ၊ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​၎င်း​နှင့်​တွဲ​ဖက် သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​အ​ပြင် ဤ​သကာ​များ​ကို​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။

7. သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့​၌​အ​စား အ​စာ​မစား​ရ၊ အ​လုပ်​မ​လုပ်​ရ။-

8. အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘုရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

9. မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊-

10. သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့် ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

11. ထို့​အ​ပြင်​လူ​တို့​သန့်​စင်​မှု​ဝတ်​အ​တွက်​ပူ ဇော်​သော​ဆိတ်၊ နေ့​စဉ်​ပူ​ဇော်​သည့်​မီး​ရှို့​ရာ ယဇ်​နှင့်​တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည် သ​ကာ​တို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင်​ကို​ပူ​ဇော် ရ​မည်။

12. သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့ တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သော​ဤ​ပွဲ​တော်​ကို​ခု​နစ် ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ထို​ရက်​များ​တွင် အ​လုပ်​မ​လုပ်​ရ။-

13. ပ​ထ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 29