ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 28:8-19 Common Language Bible (BCL)

8. ည​နေ​တွင်​ဒု​တိ​ယ​သိုး​က​လေး​ကို​ပူ​ဇော် သော​အ​ခါ​၌​လည်း နံ​နက်​တွင်​ပူ​ဇော်​ဆက်​သ သည့်​နည်း​တူ​စ​ပျစ်​ရည်​သကာ​ပါ​လျက်​ပူ​ဇော် ရ​မည်။ ဤ​သကာ​သည်​လည်း​ပူ​ဇော်​သကာ​ဖြစ် ၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

9. ဥ​ပုသ်​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​တစ် နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်၊ သံ​လွင်​ဆီ နှင့်​ဂျုံ​မုန့်​ညက်​လေး​ပေါင်​ကို​ရော​နယ်​ထား သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့​ကို ပူ​ဇော်​ရ​မည်။-

10. နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​မီး​ရှို့​ရာ​သကာ​ကို​ဥ​ပုသ်​နေ့ တိုင်း​ပူ​ဇော်​ရ​မည်။

11. လ​ဆန်း​တစ်​ရက်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား အား အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​ပျို​နှစ် ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။-

12. ဘော​ဇဉ်​သကာ​အ​ဖြစ်​သံ​လွင်​ဆီ​ရော​ထား​သော မုန့်​ညက်​ကို​ဆက်​သ​ရ​မည်။ နွား​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​ခြောက်​ပေါင်​ကို​လည်း​ကောင်း၊ သိုး ထီး​နှင့်​အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း ကောင်း၊-

13. သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ဆက်​သ​ရ​မည်။ ဤ မီး​ရှို့​ရာ​သကာ​များ​သည်​ပူ​ဇော်​သကာ​များ ဖြစ်​၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-

14. ထို​မီး​ရှို့​ရာ​ယဇ်​တို့​နှင့်​တွဲ​၍​ဆက်​သ​ရ​သော စ​ပျစ်​ရည်​သကာ​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​စ​ပျစ်​ရည်​လေး​ပိုင့်၊ သိုး​ထီး​နှင့်​အ​တူ စ​ပျစ်​ရည်​သုံး​ပိုင့်၊ သိုး​က​လေး​တစ်​ကောင်​စီ နှင့်​အ​တူ​စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​ပူ​ဇော်​ရ​မည်။-

15. နေ့​စဉ်​ဆက်​သ​ရ​သော​မီး​ရှို့​ရာ​ယဇ်​နှင့်​တ​ကွ စ​ပျစ်​ရည်​သကာ​အ​ပြင်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော် ရ​မည်။

16. နှစ်​စဉ်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သော​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-

17. တစ်​ဆယ့်​ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက် တိုင်​တိုင် ဋ္ဌမ္မ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ထို​ပွဲ တော်​ရက်​အ​တွင်း​တ​ဆေး​မဲ့​မုန့်​ကို​သာ​စား ရ​မည်။-

18. ပွဲ​တော်​ပ​ထ​မ​နေ့​တွင်​သင်​တို့​စု​ဝေး​ဝတ်​ပြု ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-

19. ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော် သကာ​အ​ဖြစ် အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့​ပူ​ဇော် ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 28