ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 28:3-7 Common Language Bible (BCL)

3. ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဆက်​သ​ရ​မည့် သကာ​များ​ကို​ဖော်​ပြ​ပေ​အံ့။ နေ့​စဉ်​မီး​ရှို့ ရာ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ​ကင်း​သော တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။-

4. သိုး​က​လေး​တစ်​ကောင်​ကို​နံ​နက်​တွင်​ပူ​ဇော်​၍ အ​ခြား​တစ်​ကောင်​ကို​ည​နေ​တွင်​ပူ​ဇော်​ရ​မည်။-

5. သိုး​တစ်​ကောင်​စီ​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ် ပေါင်​နှင့် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​နှစ်​ပိုင့်​ရော နယ်​ထား​သော​ဘော​ဇဉ်​သကာ​ကို​လည်း​ပူ​ဇော် ရ​မည်။-

6. ဤ​သကာ​သည်​နေ့​စဉ်​အ​ကုန်​အ​စင်​မီး​ရှို့​ပူ ဇော်​ရ​သော​သကာ​ဖြစ်​၏။ ဤ​သကာ​သည်​သိ​နာ တောင်​ပေါ်​တွင်​ဦး​စွာ​ပူ​ဇော်​ခဲ့​သော​သကာ​ဖြစ်​၍ ယင်း​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။-

7. ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 28